သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၆
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရှမ်းအင်းတော်ကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း KNU – မြိတ်-ထားဝယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
စက်တင်ဘာလ ၂၅ ရက် နံနက် ၆ နာရီခန့်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်(တနင်္သာရီ)၊ ပဝပ်ကျေးရွာအုပ်စု၊ ရှမ်းအင်းတော်ကျေးရွာအနီး ဝန်းကျင်၌ အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက် အောက်ခံ၊ တပ်ရင်း ၁၁ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Photo – ရှေ့တန်းစစ်မြေပြင်တွင်တာဝန်ထမ်းဆောင်နေသော KNLA နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ။
Thanlwin Myanmar Media