ဝန်းသိုမြို့မှ ထွက်လာသော အင်အား ၆၀ ပါစစ်ကြောင်းကို တိုက်ခိုက်မှု ၃၅ ဦးကျော်သေဆုံးပြီး ၆ ဦး အရှင်မိကာ စစ်ကြောင်းတစ်ကြောင်းလုံးပျက်စီး

ဝန်းသိုမြို့မှ ထွက်လာသော အင်အား ၆၀ ပါစစ်ကြောင်းကို တိုက်ခိုက်မှု ၃၅ ဦးကျော်သေဆုံးပြီး ၆ ဦး အရှင်မိကာ စစ်ကြောင်းတစ်ကြောင်းလုံးပျက်စီး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၅

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဝန်းသိုမြို့မှ အင်အား ၆၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ ၃၅ ဦးကျော်သေဆုံးပြီး စစ်သုံပန်း ၆ ဦးနှင့်အတူ လက်နက်ခဲ ယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်းခရိုင်အမှတ် ၄ တပ်ရင်းထံမှ သိရသည်။

စက်တင်ဘာလ ၃ ရက်နေ့က ဝန်းသိုမြို့မှ အကြမ်းဖက်စစ်သား ၅၀ နှင့် လက်အောက်ခံ ရဲ ၁၀ ဦး စုစု ပေါင်း အင်အား ၆၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ထောက်ကြံ့တောရွာ အနီး ကြက်ခေါင်းတောင်အရောက်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သားအလောင်း ၃၀ ကျော်၊ စစ်သုံ့ပန်း ၇ ဦးနှင့်အတူ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပြီးနောက် ဆုတ်ခွာထွက်ပြေးသွားသော စစ်သား ၁၂ ဦးရှိပြီး ၎င်းတို့မှာ ဝန်းသိုမြို့သို့ ပြန် လည်ဝင်ရောက်သွားနိုင်သော်လည်း ၄ ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

ထိုအပြင် ဖမ်းမိသည့် စစ်သုံ့ပန်း ၇ ဦးအနက် ၁ ဦးမှာ ဆေးဝါးကုသပေးနေစဉ် သေဆုံးသွားကြောင်း၊ ထို့ကြောင့် ၆ ဦးအရှင်ဖမ်းမိပြီး ၎င်းတို့ကို စစ်ဆေးမေးမြန်းကာ တိုင်းစစ်ဌာနသို့ ပေးပို့လိုက်ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာကတော့ ၄ ရက်နေ့နဲ့ ၅ ရက်နေ့ ၂ ရက်တည်းဖြစ်တာ၊ ဒါပေမယ့် သူတို့ကို လိုချင်တဲ့ နေရာရောက်အောင်မောင်းသွင်းရတယ်၊ ကျနော်တို့ဘက်က တပ်ခွဲမှူး စစ်ကြောင်းမှူးက အရမ်း ကောင်းတယ်၊ သူ့ရဲ့လုပ်ဆောင်မှုတွေ အဲဒီတိုက်ပွဲထဲမှာ အရမ်းကောင်းခဲ့တယ်။ လိုချင်တဲ့နေရာ ရောက်တယ်၊ ကျနော်တို့လိုချင်တဲ့အတိုင်း ဖြစ်ခဲ့တယ်။ ကျနော်တို့ဘက်က စည်းစည်းလုံးလုံးနဲ့ တိုက်နိုင်ခဲ့တယ်။ ၅ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်မှာ တစ်ပေါက်ဖွင့်ပေးထားတဲ့အတွက် အပြီး သတ်လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။” ဟု ကောလင်းခရိုင်အမှတ် ၄ တပ်ရင်းမှ IO ကိုရှိုင်းရှိုင်းက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၊ ကောလင်းခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲမှူး ရဲဘော် ဒဂုံ နှင့် ရဲဘော် ဘော်ကာ တို့က ဦးဆောင်ကာ ကောလင်းခရိုင်အမှတ် ၄ တပ်ရင်းနှင့် ကောလင်းခရိုင် အမှတ် ၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၁၂ ဦး မစိုးရိမ်ရ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...