သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၅
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို အောင်မြင်စွသိမ်းပိုက်နိုင်ခဲ့သည့် PDF ရဲဘော်များကို ဂုဏ်ယူ ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြား ကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်၊ ၃၄/၂၀၂၅ တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ ၂၀ ရက်နေ့တုန်းက စစ်ကိုင်းတိုင်း၊ ကသာခရိုင် ဗန်းမောက်မြို့ကို အမှတ် (၁) စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ PDF ရဲဘော်တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အောင်အောင်မြင်မြင် သိမ်း ပိုက်နိုင်ခဲ့တဲ့အတွက် အင်မတန် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ဦးစွာပြောကြားလိုပါတယ်၊ မြို့တစ် မြို့သိမ်းပြီးပြီဆိုရင် နောက်ဆက်တွဲစီမံလုပ်ဆောင်ရမှာတွေ ကလည်း အင်မတန်များပြားတယ်ဆို တာ ရှေ့မှာအတွေ့အကြုံတွေလည်း ရှိခဲ့ပြီးသား ဖြစ်တဲ့အတွက် အတွေ့အကြုံတွေကို အရင်းခံပြီး ဝန်ကြီးဌာနများ သေချာစွာ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ကြဖို့ အင်မတန် အရေးကြီးပါတယ်” ဟု ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးကာလအတွင်း တာဝန်ယူရသည့် အစိုးရဖြစ်ပြီး လက်ရှိ နွေဦးတော်လှန်ရေးသည် ရဲဘော်များ၊ ပြည်သူများ၏ အရင်းအနှီး များပြားသောကြောင့် ကြီး လေးသည့် တာဝန်များကို အခက်အခဲများ၊ စိန်ခေါ်မှုများကြားက ထမ်းဆောင်ရမည်ဖြစ်ကြောင်း အသိပေးထာသည်။
ထို့အပြင် ကမ္ဘာ့အခြေအနေအရပ်ရပ်သည် ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အ များကြီး ရှိမနေကြောင်း၊ ထို့သို့ မျက်နှာသာပေးမှုမရှိသော်လည်း စိတ်ပျက်အားငယ်နေစရာမလိုပဲ ကိုယ့်အားကို ကိုးကား လျှောက်လှမ်းကြရမည်ဖြစ်ကြောင်း ဆက်လက်အသိပေးထားသည်။
“ကျွန်တော်တို့ဟာ ကိုယ့်အား ကိုယ်ကိုးပြီး ဒီနေ့ဒီအချိန်ထိ လျှောက်လှမ်းလာခဲ့ကြသလို ရှေ့ဆက် ပြီးလည်း ကိုယ့်ခွန် ကိုယ့်အားနဲ့ တော်လှန်ရေးကို အဆုံးသတ်အောင်ပွဲဆင်နွှဲနိုင် ကြောင်းပြသနိုင်ဖို့ အင်အားတွေ ရှိနေကြဖို့ လိုအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်း ထားသည်။
ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် တာဝန်ရှိသူ အချို့သည် စိုးမိုး ထိန်းချုပ်နယ်မြေများအထိ ကိုယ်တိုင် ကိုယ်ကျသွားရောက်ကာ မြေပြင် အစိုးရ ယန္တရား စနစ်တကျ ထူထောင်လည်ပတ်နိုင်ရန် ကွင်းဆင်းနေပြီဖြစ်သည်ဟုဆိုသည်။
“အခုဆိုရင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနဲ့ တာဝန်ရှိသူအချို့ ကျွန်တော်တို့ စိုးမိုးထိန်းချုပ် ဒေသ တွေဆီ ကိုယ်တိုင်ကိုယ်ကျ သွားလာလှုပ်ရှားပြီး မြေပြင်မှာ အစိုးရယန္တရား စနစ်တကျထူထောင် လည်ပတ် တာကစလို့ အဂတိ လိုက်စားမှုတွေကို အရေးယူတာတွေ အထိ လုပ်ငန်းတွေမှာ စနစ် တကျ ဆောင်ရွက်နေကြတာကိုလည်း အင်မတန် အားရ ကျေနပ်မှုရှိပါတယ်။ ဝန်ကြီးဌာနအချင်းချင်း အချိတ်အဆက်မိမိ ပူးပေါင်းလုပ်ဆောင်ကြမှသာ ပိုမိုထိရောက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ယန္တရား တစ်ခုကို ကျွန်တော်တို့ အသက်သွင်းနိုင်မှာဖြစ်လို့ ဒီအတွက် ကြိုးစားလုပ်ဆောင်ပေးကြဖို့ မှာကြား လိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။
Thanlwin Myanmar Media News