ဇီးကုန်းမြို့မရဲစခန်းသိမ်းပိုက်မှုအတွင်း ဖမ်းဆီးရရှိခဲ့သည့် ရဲတပ်သား၏ ကိုယ်ဝန်ဆောင် ဇနီးသည်မှ သားယောက်ျားလေး တစ်ဦးမွေး

ဇီးကုန်းမြို့မရဲစခန်းသိမ်းပိုက်မှုအတွင်း ဖမ်းဆီးရရှိခဲ့သည့် ရဲတပ်သား၏ ကိုယ်ဝန်ဆောင် ဇနီးသည်မှ သားယောက်ျားလေး တစ်ဦးမွေး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့မရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရရှိခဲ့သည့် ရဲတပ် သား၏ ကိုယ်ဝန်ဆောင် ဇနီးသည်မှ သားယောက်ျားလေးတစ်ဦးကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၇ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ဇီးကုန်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲတပ်သား ၁၁ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီး ရရှိ သည့် သုံ့ပန်းများအနက် ရဲတပ်သားတစ်ဦး၏ ကိုယ်ဝန်ဆောင် ဇနီးသည်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၄ ရက်နေ့တွင်‌ အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ ဇီးကုန်းမြို့နယ်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက တိုက် ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ရဲတပ်သား ၁၁ ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့အတူပါလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေက သားယောကျ်ားလေးချောမွေ့စွာမွေးဖွားနိုင်ဖို့ ကူညီခဲ့ကြတာဖြစ်ပါတယ်။” ဟု NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောဆိုသည်။

ထိုသို့ မွေးဖွားနိုင်ရန် ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကူညီပေးခဲ့ပြီး မွေးဖွားလာသည့် ကလေးငယ်နှင့်မိခင်ဖြစ်သူတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ပေးထားကြောင်း သိရသည်။

NUG အစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချအညံ့ခံသူများနှင့် ဖမ်းဆီးရရှိ သည့် စစ်သုံ့ပန်းများကို လူသား ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံရန်၊ ဂျနီဗာကွန်းဗင်းရှင်းကို အခြေခံ ထားသည့် နိုင်ငံကာ၏ စံပြုသတ်မှတ်ချက်များကို လေးစားလိုက်နာကြပါရန် NUG အစိုးရက ထုတ် ပြန်ထားသည်။

ယခုလုပ်ဆောင်ချက်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တိုင်းအတွက် ဂုဏ်ယူစရာ သက်သေ တစ်ခုဖြစ်ပြီး စစ်သည်တော်ကျင့်ဝတ်များကို တိတိကျကျလိုက်နာကာ ပြည်သူကို မျက်နှာမူသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း သက်သေထူကြရန် NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဌာနက တိုက်တွန်းထားသည်။

“လက်နက်ချအညံ့ခံလာသူတွေနဲ့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို လူသားဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံဖို့ ဂျီနီဗာကွန်ဗင်းရှင်းကို အခြေခံထားတဲ့ နိုင်ငံတကာရဲ့စံပြုသတ်မှတ်ချက်တွေကို ပြည် သူ့ကာကွယ်ရေးအင်အားစုတွေအနေနဲ့ လိုက်နာဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထား သလိုမြေပြင်မှာလည်းလိုက်နာဆောင်ရွက်မှုတွေရှိနေတဲ့အထဲက ဂုဏ်ယူသက်သေ မှတ်တမ်းတခု လည်းဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တိုင်းဟာ ဒီစစ်သည်တော်ကျင့်ဝတ်တွေကို တိတိကျကျလိုက်နာပြီး ပြည်သူ့ကိုမျက်နှာမူပြီး ကာကွယ်သူတွေဖြစ်ကြောင်းသက်သေထူရင်း ပြည်သူနဲ့တသားတည်းရှိနေကြရမှာဖြစ်ပါတယ်။” ဟု NUG အစိုးရ ၊ လူ့အခွင့်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ထောင်ဗူးဝ၌ ပြန်လည်ဖမ်းဆီး

သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ထောင်ဗူးဝ၌ ပြန်လည်ဖမ်းဆီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၃ ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံ ရေး အကျဉ်းသား ၅ ဦးကို ထောင်ဗူးဝ၌ပင် ပြန်လည်ဖမ်းဆီးခံလိုက်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင် ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။ အောက်တိုဘာလ ၁ ရက်နေ့က သာယာဝတီအကျဉ်းထောင်မှ သာယာဝတီအကျဉ်းထောင်မှ...