မုံရွာ-မန္တလေးလမ်းပိုင်းတွင် ကင်းလှည့်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးပြင်းထန်စွာ ဒဏ်ရာရ

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ကင်းလှည့်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးပြင်းထန်စွာ ဒဏ်ရာရ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ် ကင်းလှည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ကထုတ်ပြန်သည်။

စက်တင်ဘာလ ၂၃ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က ချောင်းဦးမြို့နယ် ၊ နတ်ရေကန်စစ်တပ်ဂိတ် စခန်းမှ အင်အား ၃၀ ခန့်ဖြင့် မုံရွာ -မန္တလေးလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထွက်လာသော စစ် ကြောင်းကို နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကြား နေလကျောက်ခွဲစက်အနီးအရောက် ပဒေသာ မိုင်း ၂ လုံး ၁ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်စစ်ဌာန၊ ဗျူဟာအမှတ် ၆၄ ၊ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မုံရွာ -မန္တလေးလမ်းပိုင်းအသုံးပြုနေသော မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သားများ၊ စစ် ယာဉ်တန်းများအနီး ကပ်လိုက်ခြင်းမပြုလုပ်ကြပါရန်နှင့် ၎င်းတို့ကိုတွေ့ရှိပါက ဝေးဝေးမှရှောင်ကွင်း သွားကြပါရန်တော်လှန်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...