မြင်းခြံမြို့နယ်၊ တလုပ်မြို့မှ ဆိုင်ကယ်ဖြင့်ထွက်လာသော စစ်သား၊ ပျူစောထီးများကို တိုက်ခိုက်မှု ၄ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ၊ PDF ရဲဘော်တစ်ဦး ကျဆုံး

မြင်းခြံမြို့နယ်၊ တလုပ်မြို့မှ ဆိုင်ကယ်ဖြင့်ထွက်လာသော စစ်သား၊ ပျူစောထီးများကို တိုက်ခိုက်မှု ၄ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ၊ PDF ရဲဘော်တစ်ဦး ကျဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့မှ ဆိုင်ကယ်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူ စောထီးများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း MGN 35 ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၂၂ ရက် နံနက် ၆ နာရီ ၅၀ မိနစ်က မြင်းခြံမြို့နယ်၊ တလုတ်မြို့မှ အနိမ့်ကျေးရွာ ဘက်သို့ ဆိုင်ကယ်များဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို အသင့် စောင့် ကြိုပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး၊ ပျူစောထီး ၂ ဦး စုစုပေါင်း ၄ ဦးသေဆုံးပြီး G3 အမျိုး အစား သေနတ် ၁ လက် နှင့် ၇ ဒသမ ၆၂ ကျည် ၄၅ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကပစ ၂၀ မှ ဗိုလ်အဆင့်ရှိသူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ တလုပ်မြို့မှ အင်အား ၂၀ ခန့်၊ မြင်းခြံမြို့မှ အင်အား ၁၀၀ ခန့် စစ်ကူများရောက်ရှိလာသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ပြန်လည် ဆုတ်ခွာလာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“တလုပ်မြို့ကနေ အနိမ့်ကို ကူးသန်းသွားလာနေတဲ့ စခ၊ ပခတွေကို လမ်းကနေ စောင့်ကြိုပြီး တိုက် ခိုက်ခဲ့တာ၊ စတိုက်တဲ့အချိန်ကတော့ ၁၀ ယောက်ပဲ၊ တိုက်ခိုက်နေတဲ့အချိန် စစ်ကူတွေရောက်လာခဲ့ တာပါ။ တလုပ်မြို့ကနေ ၂၀ လောက်ထွက်လာတယ်၊ မြင်းခြံမြို့ကနေလည်း အင်အား ၁၀၀ လောက် ရောက်လာခဲ့တာ။ တိုက်ပွဲမှတ်တမ်းယူတဲ့ ရဲဘော်က ကျဆုံးသွားတဲ့ရဲဘော်ကို ဆွဲထုတ်ခဲ့ရလို့ Video မှတ်တမ်းတော့မရခဲ့ဘူး၊ တိုက်ခိုက်ခဲ့တာက ကျနော်တို့တစ်ဖွဲ့တည်းပါပဲ” ဟု MGN 35 ပြောက်ကျား တပ်ဖွဲ့ တာဝန်ခံ ကိုနွေမိုက်က ပြောကြားသည်။

MGN 35 ပြောက်ကျားတပ်ဖွဲ့အနေဖြင့် မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သား များ၊ တပ်စခန်းများကို အဆက်မပြတ်တိုက်ခိုက်ခဲ့သော်လည်း မိဘပြည်သူများ၏ လုံခြုံရေးကို ရှေးရှု ၍ ခေတ္တခဏ ငြိမ်သက်ပေးခဲ့ရကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...