ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာ၊ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုန်းကြီးကျောင်းနှင့်ဆွမ်းစာဆောင်ပျက်စီး

ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာ၊ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုန်းကြီးကျောင်းနှင့်ဆွမ်းစာဆောင်ပျက်စီး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ် တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်နှင့် ဆွမ်းစားဆောင်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၈ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ ၊‌ ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ဘုန်း ကြီးကျောင်းဆောင်နှင့် ဆွမ်းစားကျောင်းဆောင်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယခုစက်တင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ကျောက်မဲမြို့နယ်တွင် ၆ ကြိမ် ၊ သီပေါ မြို့နယ်တွင် ၁ ကြိမ်၊ မိုးကုတ်မြို့နယ်တွင် ၂ ကြိမ် လေကြောင်း၊ လက်နက်ကြီး၊ အသေခံဒရုန်းဖြင့် အသုံးပြုပြီး ဗုံးသီး ၂၁ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုများကြောင့်အမျိုးသား ၁ ဦးသေဆုံးပြီးအမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၉ အိမ်၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...