ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ရဲစခန်းမှ ဆိုင်ကယ်ဖြင့်ထွက်လာသော ရဲတပ်ကြပ်တစ်ဦး၊ စစ်သား ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ

ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ရဲစခန်းမှ ဆိုင်ကယ်ဖြင့်ထွက်လာသော ရဲတပ်ကြပ်တစ်ဦး၊ စစ်သား ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၄

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ရဲစခန်းမှ ဆိုင်ကယ်ဖြင့်ထွက်လာသော ရဲတပ်ကြပ်တစ်ဦး နှင့် စစ်သားတစ်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦး စလုံးသေဆုံးပြီး သေနတ် တစ်လက်သိမ်းဆည်းရ ရှိခဲ့ကြောင်း သရက်ခရိုင် အမှတ် ၅ တပ်ရင်းထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က ဆင်ပေါင်ဝဲမြို့နယ်၊ တောင်တွင်း ကြီး – ကိုးပင် – အောင်လံလမ်းအနောက်ဘက် ကျေးရွာချင်းဆက်လမ်းပိုင်းတခုတွင် ကိုးပင်ရဲစခန်းမှ ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲတပ်ကြပ် ၁ ဦနှင့် စစ်သား ၁ ဦးကို အသင့်စောင့်ဆိုင်းပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားသဖြင့် လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ရပြီး ၂ ဦး စလုံးသေဆုံးကာ ၎င်းတို့ကိုင်ဆောင်လာသော MA 13 အမျိုးအစား သေနတ် ၁ လက်နှင့် လက်ထိပ် တစ်ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သား၊ ရဲများကို ညနေပိုင်းတွင် စစ်တပ် က လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်တပ်ရင်း ၅ တပ်ရင်း၊ မကွေးပြောက်ကျား UG ကံကြီးမောင်အဖွဲ့၊ တောင်တွင်းကြီး ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နေပြည်တော်စစ်ဒေသ ၉၀၂ တပ်ရင်း တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...