သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၃
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ရွာတောင်ဘက်၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ဂိတ် စခန်းကို ရော့ကတ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Cobra One တပ်ဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၂၂ ရက် မွန်းတည့် ၁၂ နာရီခန့်က ပခုက္ကူမြို့နယ် ၊ အင်ပင်ကျေးရွာ တောင် ဘက်၌ ဂိတ်စခန်းဖွင့်ကာ အထိုင်ချတပ်စွဲထားသည့် စစ်သားများသည် စစ်ကြောင်းထိုးရန် စစ်အား ဖြင့်တင်းထားပြီး ပြင်ဆင်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက Rocket လက်နက်ကြီးဖြင့် ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တည့်မတ်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားအများအပြား ထိခိုက် သေ ဆုံးမှုရှိခဲ့ကြောင်း သိရသည်။
ထိုသို့ အထိနာသော အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်-ပကဖ တပ်ရင်း ၁ ၊ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE နှင့် BURMA REVOLUTION RUNGERS တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ကြောင်းသည် ညနေပိုင်းတွင် စစ်ကြောင်းထွက်ပြီး စစ်ဘေးရှောင်တဲများကို မီး ရှို့ဖျက်ဆီးသွားကြောင်း၊ ထို့အပြင် ယနေ့ စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် အင်ပင်ရွာစစ်တပ် စခန်းမှ လက်နက်ကြီး ၂ လုံးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် စက်တပ်လေထီး ၂ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးများ ဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတင်းများအားအထူး ဂရုစိုက် ၍ နေထိုင်ပေးကြပါရန် Cobra One တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media