သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၃
အကြမ်းဖက်စစ်ကော်မရှင်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ဝမ်ပေါင်ကုမ္ပဏီထံမှ ငွေကြေး တစ်စုံတစ်ရာ ယူထားခြင်းမရှိပဲ စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေမှုကြောင့် စစ်တပ်ကို တိုက်ခိုက်ရင်း ထိခိုက်ပျက်စီးမှုအပေါ် တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း ဆားလင်းကြီး မြို့နယ်ပကဖက ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကော်မရှင်အဖွဲ့နှင့် အကျိုးအမြတ်ရယူနေသည့် ဝမ်ပေါင်ကုမ္ပဏီထံမှ ငွေကြေး တစ်စုံ တစ်ရာ သော်လည်းကောင်း၊ အထောက်အပံ့တစ်စုံတရာ သော်လည်းကောင်း၊ လက်ခံထားခြင်းမရှိသ လို ကမ်းလှမ်းတာမျိုးလည်း မရှိကြောင်း၊ တရုတ်အကျိုးစီးပွားနှင့်ပတ်သက်၍ သယ်ယူပို့ဆောင်ရေး လမ်း ကြောင်းများကို တော်လှန်ရေး ကာလတလျှောက်လုံး စစ်ကော်မရှင် လုံခြုံရေးယူနေသည့် ကြားမှ ရသမျှ ပိတ်ဆို့ဖြတ်တောက်လျက်ရှိကြောင်း အသိပေးထားသည်။
“သတင်းမီဒီယာမှာ ပါလာတဲ့ သတင်းတစ်ခုကြောင့် ထုတ်ပြန်လိုက်ရတာပါ။ ပြန်သူတွေအနေနဲ့ ဝေဖန် ပြောဆိုတာမျိုးက မရှိပါဘူး။ သတင်းမီဒီယာမှာ ဖော်ပြထားတာကြောင့် ပြည်သူတွေ အမြင် ရှင်းစေဖို့ပါ။ ဆားလင်းကြီး မြို့နယ်ပကဖ အနေနဲ့ ဝမ်ပေါင်နဲ့ ပတ်သက်ပြီး ငွေကြေးတစ်စုံတစ်ရာ အထောက်အပံ့တစ်ခုခု လက် ခံထားတာမျိုး မရှိဘူးဆိုတာ သိဖို့လိုပါတယ်၊ ဒါ့ကြောင့် ထုတ်ပြန်ရ တာပါ” ဟု ဆားလင်းကြီး မြို့နယ် ပကဖမှ ဒုတာဝန်ခံ (ပြည်သူ့ရေးရာ) ကိုဇော် က ပြောကြား သည်။
ဆားလင်းကြီးမြို့နယ်ပကဖ အနေဖြင့် အကြမ်းဖက်စစ်ကော်မရှင်နှင့်အကျိူးတူပူးပေါင်းလျက်ရှိသည့် တရုတ်ဝမ်ပေါင်ကုမ္ပဏီ၏ ထုတ်လုပ်မှု၊ သယ်ယူမှုများကို မှတ်တမ်းများနှင့်တကွ NUG အစိုးရ ၊ ဝန် ကြီးဌာနအဆင့်ဆင့်ထံသို့ လစဉ်တင်ပြပေးလျက်ရှိပြီး စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေမှုကြောင့် စစ်တပ်ကို တိုက်ခိုက်ရာ၌ ထိခိုက်ပျက်စီးမှုအပေါ် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း အသိ ပေးထားသည်။
“ကြေးနီကတော့ နေ့ထိုင်းထုတ်လုပ်သယ်ဆောင်နေတာပါပဲ။ လအလိုက် ဘယ်လောက်သယ်တယ်။ ဘယ်လိုသယ်တယ် ဆိုတာကို မှတ်တမ်းနဲ့တကွ ကျနော်တို့ရဲ့ NUG အစိုးရ ၊ ဝန်ကြီးဌာန အဆင့်ဆင့် ကို တင်ပြထားပါတယ်။ ကြေးနီတင်ယာဉ်တန်းတွေနဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးဂိတ်စခန်းတွေကို ဆက်လက်တိုက်ခိုက်သွားမှာပါ။ ကျနော်တို့မြို့နယ်အတွင်းမှ မဟုတ်ဘူး။ သူတို့ထွက်တာနဲ့ လုပ်ခွင့် သာတဲ့နေရာမှာ တိုက်ခိုက်သွားမှာပါ၊ စခတပ်ကို လက်ခံထားလို့၊ စခတပ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေ လို့ စခတပ်ကို တိုက်ခိုက်ရင်း ထိခိုက်ပျက်စီးမှုအပေါ် တာဝန်ယူမှာမဟုတ်ပါဘူး” ဟု ဆားလင်းကြီး မြို့နယ်ပကဖမှ ဒုတာဝန်ခံ (ပြည်သူ့ရေးရာ) ကိုဇော် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဆားလင်းကြီးမြို့နယ်ပကဖအနေဖြင့် အကြမ်းဖက်စစ်ကော်မရှင်အဖွဲ့နှင့် ပူးပေါင်းကာ လုပ် ဆောင် နေသည့် ဝမ်ပေါင်ကုမ္ပဏီထံမှ ငွေကြေးဖြင့် သော်လည်းကောင်း အထောက်ပံ့ တစ်ခုခု ဖြင့် သော် လည်းကောင်း ကမ်းလှမ်းလာခဲ့ပါကလည်း လုံးဝ၊ လုံးဝလက်ခံသွားမည်မဟုတ်ကြောင်း ထုတ်ပြန် ထားသည်။
စက်တင်ဘာလ ၁၉ ရက်နေ့က သတင်းမီဒီယာဌာနတစ်ခုတွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်တပ်နှင့် အကျိုးတူပူးပေါင်း ကုမ္ပဏီ ဝမ်ပေါင်အနေဖြင့် စီမံကိန်းနေရာများ တိုက်ခိုက်ခြင်းမခံရ စေရန် တော် လှန်ရေးတပ်ဖွဲ့အချို့ကို ငွေကြေးဖြင့် ကမ်းလှမ်းခဲ့ပြီးကာကွယ်ခဲ့ကြောင်း၊ ထိုသို့ ကမ်းလှမ်း မှုကို ရယူသည့်အဖွဲ့အစည်းရှိသလို ရခြင်းမရှိသည့်အဖွဲ့အစည်းများလည်းရှိကြောင်း ဖော်ပြခဲ့သည်။
Thanlwin Myanmar Media