ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေစဉ် ဖမ်းဆီးခံရပြီး ပြန်ပို့ခံရသူ စစ်မှုထမ်းတပ်သား ၇ ဦး အလင်းဝင်

ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေစဉ် ဖမ်းဆီးခံရပြီး ပြန်ပို့ခံရသူ စစ်မှုထမ်းတပ်သား ၇ ဦး အလင်းဝင်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၃

ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေစဉ် ဖမ်းဆီးခံရပြီး ပြန်ပို့ခံရသူ စစ်မှုထမ်းတပ်သား ၇ ဦး အလင်းဝင်ခဲ့ ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၇ ရက်နေ့က ပုလောမြို့နယ်၊ ပလောက်မြို့အခြေစိုက် အာဏာသိမ်းအကြမ်းဖက် တပ်၏ တိုင်းဗိုလ်အမှတ် ၁၂ လေ့ကျင့်ရေးသင်တန်းကျောင်းမှ စစ်မှုထမ်းတပ်သား ၇ ဦးသည် လက် နက်မဲ့ထွက်ပြေးလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ ၄ လက် အောက်ခံ ၊ K.N.D.O တပ်ရင်း ၇ ၊ တပ်ခွဲ ၅ ထံသို့ အလင်းဝင်ဘက်ပြောင်းခိုလှုံခဲ့ကြောင်း သိရသည်။

Photo – စစ်တပ်သင်တန်းကျောင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၇ ဦး။

ထို့သို့ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၇ ဦးသည် ထိုင်းနိုင်ငံအလုပ်သွားလုပ်‌နေစဥ် အဖမ်းခံ ရပြီး ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခဲ့ရကာ အာဏာသိမ်းတပ်မှ အတင်း အဓမ္မ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လေ့ကျင့်ရေး သင်တန်း ကျောင်းမှ ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် အာဏာသိမ်း အကြမ်းဖက်စစ်တပ် အတွင်းမှ တပ်သားများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ တော်လှန်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက် နက်ချ အလင်းဝင် ပူးပေါင်းကြပါရန် ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က တိုက်တွန်း ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...