ဖရူဆိုမြို့သို့ ရောက်ရှိသွားသည့် စစ်တပ် စစ်ကြောင်းက ဘောလခဲဘက်သို့ ဦးတည်နေလှုပ်ရှားလာ သောကြောင့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးအား ရက်အကန့်အသတ်မရှိပိတ် ထားမည်ဟု KNDF ဗဟိုထုတ်ပြန်

ဖရူဆိုမြို့သို့ ရောက်ရှိသွားသည့် စစ်တပ် စစ်ကြောင်းက ဘောလခဲဘက်သို့ ဦးတည်နေလှုပ်ရှားလာ သောကြောင့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးအား ရက်အကန့်အသတ်မရှိပိတ် ထားမည်ဟု KNDF ဗဟိုထုတ်ပြန်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၃

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့သို့ ရောက်ရှိသွားသည့် စစ်တပ် စစ်ကြောင်းက ဘောလခဲဘက်သို့ ဦး တည်နေလှုပ်ရှားလာသောကြောင့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးအား ရက် အကန့်အသတ်မရှိပိတ် ထားမည်ဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။

၂၀၂၅ ခုနှစ် ၊ သြဂုတ်လမှစ၍ စစ်ကောင်စီ၏ စစ်ကြောင်းများမှာ ဒီးမော့ဆိုမှ ဖရူဆိုမြို့သို့ လမ်းမကြီး တစ်လျှောက် ထိုးစစ် ဆင်လာခဲ့သောကြောင့် ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းနှင့်အတူ စစ်ကောင်စီ၏ စစ်ယာဉ်တန်းအချို့မှာ ဖရူဆိုမြို့အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဝင်ရောက်နိုင်မှုကြောင့် ဖရူဆိုမြို့နယ်ရှိ စစ်ကောင်စီ စစ်ကြောင်းအချို့မှာ ရိက္ခာ ၊ ခဲယမ်း ၊ လူအင်အား ဖြည့်တင်း၍ စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်ကာ ဘောလခဲလမ်းမကြီးဖက် သို့ ဦးတည်၍ စစ်ရေးလှုပ်ရှားမှုများ ရှိလာသဖြင့် ကရင်နီတော်လှန်ရေးတပ်များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“ဒီးမော့ဆို-ဖရူဆိုကြားကတော့ တိုက်ပွဲတွေနေ့တိုင်းနီးပါးရှိတယ်၊ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အချို့တော့ ထိခိုက်သေဆုံးမှုရှိနိုင်တယ်၊ အရေအတွက်ကိုတော့ အတိအကျ ပြောရခက်တယ်၊ စစ် ကောင်စီရဲ့ယာဉ်တန်းထဲကားပေါ့ အနည်းဆုံး ၂ စီးလောက်ကတော့ ပျက်စီးမှုရှိတယ်။ စစ်ကောင်စီ တပ်က ဖရူဆိုကို ရောက်သွားတာက ပြီးခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက ရောက်သွားတာ ဖြစ်ပါတယ်။ စစ်ကောင်စီက ဖရူဆိုမြို့နယ်ကနေ ဘောလခဲဘက်ကို ဦးတည်ပြီးတော့ စစ်ရေးလှုပ် ရှားမှုတွေကို ပြင်ဆင်နေတဲ့အတွက် ဖရူဆိုမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ တာတွေရှိပါတယ်။” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

ထို့ကြောင့် ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ မိဘပြည်သူများအနေဖြင့် လွိုင်ကော်- ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းမကြီးနှင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးအပါအဝင် လမ်းမကြီးအပေါ် ဖြတ်သန်းသွားလာရသည့် လမ်းသွယ်များအားလုံးကို ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ ရက် အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ပြီး အသုံးပြုသွားခြင်းမပြုလုပ်ကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...