မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်အတွင်းရှိ အမျိုးသမီးသမီးဘော်ဒါဆောင်အတွင်း လက်နက်ဖြင့် ခြိမ်း ခြောက်ဓားပြတိုက်ကာ မဖွယ်မရာပြုလုပ်သည့် တပ်သးအောင်မျိုးခန့်ကို ပြည်သူများက ဝိုင်းဖမ်း

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်အတွင်းရှိ အမျိုးသမီးသမီးဘော်ဒါဆောင်အတွင်း လက်နက်ဖြင့် ခြိမ်း ခြောက်ဓားပြတိုက်ကာ မဖွယ်မရာပြုလုပ်သည့် တပ်သးအောင်မျိုးခန့်ကို ပြည်သူများက ဝိုင်းဖမ်း

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်အတွင်းရှိ အမျိုးသမီးဘော်ဒါဆောင်တစ်ခုအတွင်း လက်နက်ကိုင်ဝင်ရောက်ကာ ခြိမ်းခြောက်ဓားပြတိုက်ပြီးနောက် မဖွယ်မရာလုပ်ဆောင်ခဲ့သည့် တပ်သား အောင်မျိုးသန့်ကို ပြည်သူများက ဝိုင်းဖမ်းခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

စက်တင်ဘာ ၂၁ ရက် ည သန်းခေါင်ယံအချိန် ၁၂ နာရီခန့်က မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် အ တွင်း ရှိ အမျိုးသမီး ဘော်ဒါဆောင်တစ်ခုအတွင်းသို့ အကြမ်းဖက်စစ်ကော်မရှင် တပ်မှ တပ်သား အောင်မျိုးခန့်က လက်နက်ကိုင် ဝင်ရောက်ပြီး ငွေ၊ ဖုန်းများကို တောင်းယူခဲ့ကြောင်း၊ မိန်းက လေးများက ငွေ၊ ဖုန်းများ မရှိဟု ငြင်းဆိုသည့်အခါ အဝတ်အစားများချွတ်ခိုင်းပြီး မဖွယ်မရာ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ မဖွယ်မရာလုပ်ဆောင်ပြီးနောက် မိန်းကလေးနှစ်ဦးကြားဝင်ရောက် ထိုး အိပ်စဉ် မိန်းကလေး တစ်ဦးမှ လက်နက်လုယူထွက်ပြေးပြီး ဆရာများကို အကြောင်းကြားခဲ့ရာက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ည ၁၂ နာရီလောက်မှာ ဝင်တာ၊ ဝင်ပြီးတော့ သေနတ်ပါတယ်၊ သေနတ်နဲ့ ချိန်ထားပြီးတော့ အ ဆောင်က ၁၂ တန်း တက်နေတဲ့ ကလေးမ လေးတွေကို ဖုန်းထုတ်၊ ပိုက်ဆံထုတ်လို့ ပြောတာ၊ အဲဒီ ကလေးမတွေက ဖုန်းတွေ၊ ပိုက်ဆံတွေမရှိဘူးလို့ ပြောတော့ အင်္ကျီချွတ်တဲ့၊ အင်္ကျီတွေ လှန်ပြခိုင်း၊ ဘော်လီတွေချွတ်ခိုင်းပြီး မတ်တပ်ရပ်ခိုင်း၊ တန်းစီခိုင်းပြီးတော့ တစ်ယောက်ပြီးတစ်ယောက် နို့တွေ ကိုင်တာ၊ ကိုင်ပြီးပြီး ခဏနေတော့ နင်တို့ရဲ့ ဆရာတွေက Round လှည့်သလားလို့ မေးတာ၊ Round လှည့်တယ်လို့ပြောတော့ အဲဒါဆိုလည်း ကိုယ့်နေရာမှာကို အိပ်ဆိုပြီး ခိုင်းတာ၊ အားလုံးက ကိုယ့် နေရာ ကိုယ်ပြန်အိပ်တော့ ကောင်မလေးနှစ်ယောက်ကြားမှာ သူက အပေါ်ကနေ တက်အိပ်တာ၊ အဲဒီ အချိန်မှာ ကောင်မလေးတစ်ယောက်က သေနတ်ကို ဆွဲလုယူပြီးတော့ ပြေးဆင်းသွားတာ၊ အောက် ထပ်ရောက်တော့လည်း သူတို့ရဲ့ ဆရာတွေနဲ့တန်းတွေ့ပြီးပြောပြတာ၊ အပေါ်ထပ်ကကောင်မလေး တွေကလည်း သေနတ်မရှိတော့ သူ့ကို အားလုံးဝိုင်းလုံးပြီးတော့ ရိုက်ထားတာပေါ့၊ အောက်က ဆရာ တွေရော၊ ယောက်ျားလေးအဆောင်ဘက်က ယောက်ျားလေးတွေ၊ အိမ်သားတွေရော၊ ပတ်ဝန်း ကျင် က လူတွေရော ရောက်လာပြီးတော့မှ ဝိုင်းဖမ်းကြတာ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြား သည်။

ထိုသို့ ဖမ်းဆီးရရှိသည့် တပ်သား အောင်မျိုးခန့်ကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ စရဖ တပ်ဖွဲ့ က လာရောက် ခေါ်ဆောင်သွားဖြင့် အပ်နှံပေးလိုက်ရကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ခိုး၊ ဆိုး ၊ လုယက်မှုများ၊ လူသတ်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး အာ ဏာသိမ်းအကြမ်းဖက်စစ်တပ်နှင့်အပေါင်းပါများက လုပ်ဆောင်လျက်ရှိနေသောကြောင့် မိဘ ပြည် သူများအနေဖြင့် အထူးဂရုစိုက်နေထိုင်ပေးကြပါရန် ပြည်သူအချင်းချင်းတိုက်တွန်းပြောဆိုလျက် ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...