သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၃
ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ်၊ တောင်ညိုကွက်သစ်ရဲစခန်း၌ စစ်မှုထမ်းတပ်သား အဖြစ်ဖမ်းဆီးခံ ထားရသူ ကိုစိုင်းမြတ်ကိုက အတူနေရဲတပ်သားတစ်ဦးကို ဓားနဲ့ထိုးသတ်ပြီး လက် နက် ခဲယမ်းများများယူ ဆောင်ကာ အလင်းဝင်ခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။
စက်တင်ဘာလ ၂၁ ရက် ည ၇ နာရီတွင် နတ်တလင်းမြို့နယ်၊ တောင်ညိုကွက်သစ် ရဲ စခန်း၌ တာ ဝန်ကျနေသော စစ်မှုထမ်းတပ်သား စိုင်းမြတ်ကိုသည် ရဲများတန်းစီနေချိန် ၎င်းနှင့်အတူပေါင်းတည် မြို့နယ်မှ ပြောင်းရွှေ့လာသော ရဲ ၁ ဦးအား ဓားဖြင့် ထိုးသတ်ပြီး G3 အမျိုးအစား သေနတ်တစ် လက်၊ G3 ကျည် ၁၀ တောင့် ၊ ကျည်ဘောက် ၁ ခုတို့ကိုယူဆောင်ထွက်ပြေးလာကာ စက်တင်ဘာလ ၂၂ နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ထံချိတ်ဆက်ပြီး အလင်းဝင်ခဲ့ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်ခဲ့သည့် စိုင်းမြတ်ကိုသည် နတ်တလင်းမြို့နယ္၊ ရွာသာယာရွာသားဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့က တောင်ညိုကွက်သစ် ရဲစခန်းမှရဲများက ဆိုင်ကယ်ဖမ်းချိန်တွင် စစ်မှု ထမ်းရန်ပေါ်တာဆွဲ ခေါ်ဆောင်ခံရကာ ထိုရဲစခန်းမှပင် နေထိုင်စေကာ ထိန်းသိမ်းထား ခြင်းဖြစ် ကြောင်း သိရသည်။
အလင်းဝင်ရောက်ခဲ့သည့် စစ်မှုထမ်းတပ်သား စိုင်းမြတ်ကို ကို သာယာဝတီခရိုင်တပ်ရင်း ၁, P2 3801 တပ်ရင်းက ငွေကျပ် သိန်း ၂၀ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စစ်မှုထမ်းရန်အတင်းအဓမ္မပေါ်တာဆွဲခံရသော လူငယ်များအနေဖြင့်လည်း အခွင့်ရေးရလျှင် ရသလို သာယာဝတီခရိုင်တပ်ရင်း ၁ , P2 3801 ထံ ချိတ်ဆက် ဆက်သွယ်ကြပြီး စစ်ကောင်စီကို တော်လှန် သွားကြရန်နှင့် စစ်အာဏာရှင်၏ အကျိုးစီးပွားကာကွယ်ရန်အတွက် အသုံးချခံ မဖြစ်ကြစေရန် တိုက် တွန်းပါကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media