သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၂
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ပန်ဒါအနီ ၉ ကောင် ဖမ်းဆီးရရှိခဲ့ပြီး မူးရင်းဒေသနှင့် အနီးစပ် ဆုံးဖြစ်သည့် ဒေသသို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း NUG အစိုးရ၊ သယံဇာတနှင့် သဘာဝပတ် ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
စက်တင်ဘာလ ၁၄ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်မှုနယ်မြေ၊ အင်းတော်မြို့ နယ်အတွင်း၌ ပန်ဒါနီ ၉ ကောင်ကို တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်များအား ပြည် သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များမှ ဖမ်းဆီးရမိခဲ့ပြီး အင်းတော်မြို့နယ် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ ထံ အပ်နှံခဲ့ကြောင်း၊ ထို့သို့ အပ်နှံပေးမှုကြောင့် ဝန်ကြီးဌာနမှ လိုအပ်သည့်လမ်းညွှန်မှုများပေးပြီး ယာယီ ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ကြောင်း သိရသည်။
ထိုသို့ ယာယီထိန်းသိမ်းထားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ် ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းစောဖူး ဦးဆောင်၍ ၎င်းတို့ ၏ မူရင်းဒေသနှင့် အနီးစပ်ဆုံး ဒေသ၌ ထိန်းသိမ်းထားနိုင်ရန် သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဌာန၊ Kachin Independence Organization (KIO) သို့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် လွှဲ ပြောင်း အပ်နှံပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ Kachin Independence Organization (KIO) အနေဖြင့် ၎င်းပန်ဒါနီ ၉ ကောင်အား ကောင်းမွန်စွာ လက်ခံထိန်းသိမ်းထားပြီး ရှားပါးမျိုး စိတ်များဖြစ်သည့်အလျောက် သင့်တော်စွာ စီမံထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းပန်ဒါလေး ၉ ကောင်အနက် တစ်ကောင်မှာ လွှဲပြောင်းဓာတ်ပုံမှတ်တမ်းရိုက်ယူရန် ကားပေါ်မှ မြေပေါ် သို့ ခေတ္တချချိန်၌ ရုတ်တရက် အပြောင်းအလဲ ကြုံလိုက်ရ၍ ရှော့ခ်ရသကဲ့သို့ ဖြစ်သွားပြီး မူ ရင်းသယ်ဆောင်လာသည့် ကားပေါ်သို့ ပြန်တင်လိုက်ရကြောင်း၊ ယင်းပန်ဒါအနီလေးသည်လည်း ယခုအခါ ပြန်လည်ကျန်းမာလာနေပြီဖြစ်ကြောင်း NUG အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media