တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာ၌ တပ်စွဲထားသော စစ်သားများကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၄ ဦး ဒဏ်ရာရ၊ မြိတ် -တနင်္သာရီလမ်းပိုင်းတွင် ည ၆ နာရီမှ နံနက် ၆ နာရီအထိ ခရီးသွားလာခြင်းမပြုရန် ထုတ်ပြန်

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာ၌ တပ်စွဲထားသော စစ်သားများကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၄ ဦး ဒဏ်ရာရ၊ မြိတ် -တနင်္သာရီလမ်းပိုင်းတွင် ည ၆ နာရီမှ နံနက် ၆ နာရီအထိ ခရီးသွားလာခြင်းမပြုရန် ထုတ်ပြန်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၂

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖက ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ် ၊ တမုတ်ချုံးရွာ၌ ခြေကုပ်ယူထားသော အ ကြမ်းဖက် စစ်ကောင်စီတပ်ကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဇုန် ၄ မှ ရဲဘော် များက သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အဆိုပါ အကြမ်းဖက်စစ်သားများကို ထပ် မံ၍ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့မှစ၍ တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေ အနေ အရ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးအား အသုံးပြုအနေကြသည့် ခရီသွားပြည်သူ များ၏ အသက်အန္တရာယ် လုံခြုံရေးအတွက်ရှေးရှု၍ ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ခရီးသွား လာခြင်းမပြုကြရန် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်မြို့သို့ စစ်ကြောင်းထိုးခဲ့ရာ သိန်ခွန်းရွာအနီးတွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး အကြမ်းဖက်စစ်တပ်က မြိတ်-တနင်္သာရီ ပြည် ထောင်စုလမ်းမကြီးပေါ် ခရီးသွားပြည်သူတို့၏ ကားများကို အကာကာအကွယ်ယူအသုံးချလျက်ရှိ‌ေ သောကြောင့် ကန့်သတ်တားမြစ်လိုက်ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...