သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၂
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရထားဘူတာအနီးရှိ ကွန်ကရစ်ဇလီဖားတုံးစက်ရုံ၌ တပ်စွဲထားသော ရဲများကို PDF ရဲ ဘော် ၇ ဦးက ဝင်ရောက်တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲ ယမ်း များ သိမ်း ဆည်းရရှိခဲ့ကြောင်း Pakokku Special Task Force ကထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာလ ၂၂ ရက် နံနက်အစောပိုင်း ၁ နာရီ ၄၀ မိနစ်က ပခုက္ကူမြို့၊ ရထားဘူတာအနီး ကွန်ကရစ်ဇလီဗာတုံးစက်ရုံတွင်း၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ခံ ရဲများ ကို Pakokku Special Task Force ပခုက္ကူမြို့နယ် တပ်ရင်း ၁ ပကဖ မှ ရဲဘော်ဒီးဦးဆောင်သည့် ရဲ ဘော် ၇ ဦးက လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း ရဲ ၄ ဦး သေဆုံးပြီး G3 အမျိုးအစား သေနတ် ၁ လက်၊ 7.62 mm ကျည်သုံး ကာဘိုင် ၁ လက်၊ AK အမျိုးအစား သေနတ် ၁ လက်နှင့် ကျည် ၅၀ ခန့် သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်း စစ်ကော်မရှင်မှ ဦးစီးပြုလုပ်သည့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင် ကြောင်းပြသသည့်အနေဖြင့် မြို့တွင်းမစ်ရှင်ကို ကြိုးစားဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူ များ အနေဖြင့်လည်း စစ်ကော်မရှင် စိတ်တိုင်းကျ ပြုလုပ်မည့် အဆိုပါရွေးကောက်ပွဲကို ပူးပေါင်း ပါ ဝင်ခြင်း မပြုလုပ်ပါရန် အထူးမေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media