စစ်တပ်ကတောင်းသည့် စစ်မှုထမ်းကြေး ၁၁ သိန်းမပေးနိုင်သဖြင့် ဝင်ရောက်ခဲ့ရသူ စစ်မှုထမ်း တပ်သား ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

စစ်တပ်ကတောင်းသည့် စစ်မှုထမ်းကြေး ၁၁ သိန်းမပေးနိုင်သဖြင့် ဝင်ရောက်ခဲ့ရသူ စစ်မှုထမ်း တပ်သား ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၂

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်တွင် စစ်တပ်က တောင်းသည့် စစ်မှုထမ်းကြေး ၁၁ သိန်း မပေးနိုင်သဖြင့် စစ်တပ်အတွင်းဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ရသူ စစ်မှုထမ်းတပ်သား ဒုတပ်ကြပ် တစ်ဦး အလင်းဝင်ခဲ့ကြောင်း တမူးခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်သည်။

ဩဂုတ်လ ၃ ရက်နေ့က မြို့သစ်မြို့နယ်၊ ကျွန်းပင်သာရွာ၌ ခမရ ၃၄၇ ၊ ကသည်းတပ်၊ SNA တပ်တို့ ဖြင့် အခိုင်အမာ အခြေပြုတပ်စွဲထားပြီး စစ်ကောင်စီ၏ ခ.မ.ရ ၃၄၇ မှ စစ်မှုထမ်းတပ်သား ဒု-တပ် ကြပ် သန့်ဇင်ဦးသည် MA-11 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ဘောက် ၁ ခု၊ ၅.၅၆ ကျည် ၂၅ တောင့်တို့ နှင့်အတူ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သော စစ်မှုထမ်းတပ်သားသည် စစ်တပ်ကတောင်းသည့် စစ်မှုထမ်းကြေး ငွေ ကျပ် ၁၁ သိန်းမပေးနိုင်သဖြင့် စစ်တပ်အတွင်း ဝင်ရောက်ခဲ့ရသူဖြစ်ပြီး စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁/၂၀၂၄ ကို တက်ရောက်ခဲ့ရသူဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်ကို ပြည်သူများက ထောက်ခံမှု မရှိ သလောက်နည်းသည်ကို သိရှိသဖြင့် အချိန်အလွန်ခင် အလင်းဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် ဒု-တပ်ကြပ် သန့်ဇင်ဦးကို တမူးခရိုင်၊ အ မှတ် ၂ တပ်ရင်းမှ ငွေကျပ် သိန်း ၅၀ တိတိကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့ပြီး ၎င်းဖြစ်ချင်သည့် ဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

ယခုကဲ့သို့ အကြမ်းဖက်စစ်တပ်၏ လက်အောက်မှ ရုန်းထွက်ကာ တော်လှန်ရေးတပ်ဖွဲ့များထံ ပူး ပေါင်း ချင်သူများကို ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုလျက်ရှိကြောင်း တမူးခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုန်း ကြီးကျောင်းပျက်စီး

နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုန်း ကြီးကျောင်းပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၇ နာရီ ၃၃ မိနစ်က...