သံလွင်မြန်မာသတင်း
စက်တင်လာလ ၂၂
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လှည်းပွဲရွာကို မီးရှို့နေသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံက သိရသည်။
စက်တင်ဘာလ ၂၀ ရက် ညနေပိုင်း ကန့်ဘလူမြို့နယ်၊ ချပ်သင်းပျူရွာအထိုင်စခန်းမှ အင် အား ၁၈၀ ခန့်ဖြင့် ထွက်လာပြီး လှည်းပွဲကျေးရွာကို မီးရှို့နေသည့် အကြမ်းဖက်စစ်ကြောင်းအား တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“မနေ့က(စက်တင်ဘာလ ၂၀) ညနေက ချပ်သင်းကနေ ထွက်လာ ထွက်တဲ့ စခစစ်ကြောင်းက ချပ်သင်းတောင်ဘက်က လှည်းပွဲ ရွာကို မီးရှို့နေတုန်း တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်တိုက် တာ၊ စခ ၄ ဦးသေတယ်၊ ၃ ဦး ဒဏ်ရာရတယ်လို့ မြေပြင်သတင်းရထားပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မုန်တိုင်း ဦးစီးသည့် ကန့်ဘလူခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၄ နှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media