သံလွင်မြန်မာသတင်း
စက်တင်ဘာ ၂၁
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ရာဟောင်းဝ ကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန် သည်။
စက်တင်ဘာလ ၁၇ ရက် နံနက် ၃ နာရီခွဲခန့်က ထား၀ယ်မြို့မှ လောင်းလုံးမြို့နယ်ဘက်သို့ ရောက်ရှိ လာသည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရာဟောင်း၀ရွာအနီး မိန်းလမ်းမအတိုင်း ဆင်းလာစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လက်ဦးမှုရယူကာ ပစ်ခတ်တိုက် ခိုက်နိုင်ခဲ့သဖြင့် စစ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထိုနောက် တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဒုတိယ စစ်တပ် စစ်ကြောင်းမှ တောလမ်းအတိုင်း ထွက်ပြေး လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ပဒေသာရှေ့ထွက်မိုင်း ၃ လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် သားအများအပြား ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အရေအတွက်အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပြီးနောက် ထိခိုက်သေဆုံးသွားသည့် စစ်သားများကို ရေခဲ ကားငယ်တစ်စီးဖြင့် ရောက်ရှိ လာကာ ထား၀ယ်မြိုပေါ်သို့ ချက်ချင်းသယ်ဆောင်သွားခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းနေသည့် ၎င်းရေခဲကားငယ်ကို သက်သေမှတ်တမ်းများရရှိထားကြောင်း၊ လောင်းလုံးမြို့နယ် အတွင်း ထပ်မံ၍ ၀င်ရောက်လာပါက ဖမ်းဆီး၍ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဒေါနစစ်ကြောင်း-၃ KBDF ၊ ဒေါနတပ်ခွဲ-၇ LPF၊ထား၀ယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF နှင့် ဖယ်ဒရယ်ဓူဝံကြယ်တပ် ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့များ အထိအခိုက်မရှိ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို နေရာ မရွေး ၊ အချိန်မရွေး ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားသည်။
Thanlwin Myanmar Media