သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၁
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် စစ်တပ်ထောက်တိုင် ရာအိမ်မှူး တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် ည ၉ နာရီ ၃၀ မိနစ်က နတ်တလင်းမြို့နယ် စန်ကြီးလောင့်ကျေး ရွာ ရာအိမ်မှူး ဇော်မင်းနိုင်ကို နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံး သွားကြောင်း၊ ထိုသို့ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့သည့်နေရာသည် စစ်တပ်လက်အောက်ခံ ဒမငယ် ရဲစခန်းအနီး၌ တည်ရှိသောကြောင့် ယင်းရဲစခန်းမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့ ကြောင်း သိရသည်။
သေဆုံးသွားသော ဇော်မင်းနိုင်သည် စစ်တပ်ဒေါက်တိုင် ရာအိမ်မှူးဖြစ်ပြီး အကြမ်းဖက်စစ်ကာင်စီ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေးအတွက် အားတက်သရော လုပ်ကိုင်ဆောင်ရွက်နေသူဖြစ် ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အကြိမ်ကြိမ်သတိပေးတား မြစ်ထားသော်လည်း လိုက် နာခြင်းမရှိပဲ အကြမ်းဖက် စစ်ကောင်စီအတွက် ဆက်လက်လုပ်ဆောင်နေသောကြောင့် သွားရောက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ လုပ်ဆောင်မှုကို ပဲခူးတိုင်းစစ်ဌာန၊ အမှတ် ၂၂ ဗျူဟာ၊ သာယာဝတီခရိုင် တပ်ရင်း ၁ ၊ တပ် ရင်းရုံးရဲဘော်များ နှင့်တပ်ခွဲ ၄ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media