ကနီမြို့နယ်၊ ချောင်းမရွာကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၁၃ ရက်ကြာ တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး၊ စစ်တပ်က လေကြောင်းလက်နက်ကြီးဖြင့် တိုက်ခိုက်မှု ယင်းမာပင်ပကဖ ဒုတာဝန်ခံ ကိုနိုင်မင်း၊ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံး

ကနီမြို့နယ်၊ ချောင်းမရွာကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၁၃ ရက်ကြာ တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး၊ စစ်တပ်က လေကြောင်းလက်နက်ကြီးဖြင့် တိုက်ခိုက်မှု ယင်းမာပင်ပကဖ ဒုတာဝန်ခံ ကိုနိုင်မင်း၊ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၁၃ ရက်ကြာ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၁၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် ပကဖ က ထုတ်ပြန်သည်။

စက်တင်ဘာလ ၄ ရက် နံနက် နံနက် ၈ နာရီခန့်တွင် မုံရွာမြို့အခြေစိုက် နမခမှ ထွက်လာသော အကြမ်းဖက်စစ်သားအင်အား ၁၀၀ ကျော်သည် ယင်းမာပင်မြို့နယ် တရော်ကျင်းရွာမှ တဆင့် ကနီမြို့နယ်ဘက်သို့ စတင်စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးမွန်းလွဲ ၂ နာရီခန့်အချိန်တွင် ကနီမြို့နယ် ချောင်းမကျေးရွာသို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းထွက်လာရာလမ်းတွင် ကနီမြို့နယ် တပ်ရင်းများက တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၂ ဦး သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၅ ရက်နေ့မှ စ၍ ကနီမြို့နယ် ၊ ချောင်းမကျေးရွာတွင် အခြေပြုကာ အနီးပတ် ဝန်းကျင် ကျေးရွာများကို မီးရှို့ခြင်း လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် အိမါခြေ ၅ လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် ချောင်းမကျေးရွာသို့ရောက်ရှိနေသော စစ်ကြောင်းအား စစ်ကူပေးရန် မုံရွာမြို့ အခြေစိုက် နမခဌာနချုပ်မှ ယင်းမာပင်မြို့နယ်၊ တရော်ကျင်းရေးရွာသို့ အင်အား ၃၀၀ ကျော် ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထပ်မံစေလွှတ်သည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကိုလည်း  ယင်းမာပင်ခရိုင်ပကဖ၊ ယင်းမာပင်မြို့နယ် ပကဖ၊ ဆားလင်းကြီးမြို့နယ် ပကဖ၊ ယင်းမာပင်ခရိုင် ဗျူဟာ (၄၇)၊ ယင်းမာ ပင်ခရိုင် တပ်ရင်း ၁ တို့ ပူးပေါင်း စစ်ကြောင်းမှ ပိတ်ဆို တိုက်ခိုက်ထားရာ တရော်ကျင်းရွာမှ ရှေ့ ဆက် မတက်နိုင်ပဲ ချောင်းမရွာရှိ အကြမ်းဖက်စစ်တပ်မှာ တော်လှန်ရေးတပ်များ၏ ဝိုင်းပတ်ပိတ်ဆို့ ခြင်းကို ခံလိုက်ရကြောင်း သိရသည်။

စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် ကနီမြို့နယ်၊ ချောင်းမကျေးရွာ၌ ပိတ်မိနေသော စစ်တပ် စစ်ကြောင်းကို ယင်းမာပင်ခရိုင် ကွပ်ကဲရေး နှင့် ကနီမြို့နယ် တပ်ရင်းများ၊ ပကဖတိုက်ခိုက်ရေးအဖွဲ့ များ၊ BLDF ၊ BNRA နှင့် မဟာမိတ်ပူးပေါင်း စစ်ကြောင်းများမှ ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က Y-12 စစ်ထောက်ပို့လေယာဉ်၊ ဂျက်ဖိုက်တာတို့ဖြင့် လေကြောင်းပစ်ကူရယူကာ ချောင်းမကျေးရွာမှ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဆုတ်ခွာရာလမ်း၌ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဖြင့် ယင်းမာပင်မြို့နယ် ပကဖ ဒုတာဝန်ခံ ကိုနိုင်မင်း ကျဆုံးခဲ့ရကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် PDF တပ်ရင်းများနှင့် ဟန်ချက်ညီညီ လက်တွဲတိုက်ခိုက်ခဲ့ပြီး စစ် ကူတက်လာသော အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းကိုလည်း ၁၃ ရက်တိုင်တိုင် ခုခံတိုက်ခိုက်နိုင်ခဲ့ သဖြင့် စစ်ကောင်စီတပ်သားများ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားရခြင်းဖြစ်ကြောင်း၊ ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်နက် ၆ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

စစ်ကြောင်းဝင်ရောက်နေသည့် ၁၃ ရက်တာကာလတွင် မုံရွာ နမခ၊ ကျောက်စစ်ပုံ အမတ-၅၀၈၊ အောင်ဇေယျအကျိူးကုန်းတို့မှ ၁၂၀ မမ၊ ဟောင်ဝှပ်ဇာလက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် စစ်‌ရှောင်ပြည်သူ ကလေးငယ် ၂ ဦးအပါအဝင် စု‌စုပေါင်း ၅ ဦးသေ ဆုံးခဲ့ရကာ ၁၅ ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင်း စစ်သား အလောင်း ၁၀ လောင်းနှင့် လက်နက်မျိုးစုံ ၇ လက် အပါအဝင် စစ်အသုံး အ ဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ယင်းမာပင်ခရိုင် ပကဖက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...