ခင်ဦးမြို့နယ်၊ မကျီးတုံပျူရွာဘက်သို့ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ပျူ အများအပြား သေဆုံးကာ တပ်ပျက်၍ ပြန်ဆုတ်ပြေး၊ လက်နက် ၂ လက်နှင့်ခဲယမ်းများသိမ်းဆည်း ရရှိ

ခင်ဦးမြို့နယ်၊ မကျီးတုံပျူရွာဘက်သို့ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ပျူ အများအပြား သေဆုံးကာ တပ်ပျက်၍ ပြန်ဆုတ်ပြေး၊ လက်နက် ၂ လက်နှင့်ခဲယမ်းများသိမ်းဆည်း ရရှိ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးတုံပျူရွာဘက်သို့ ထွက်လာသောအကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူအများအပြား ထိခိုက်သေဆုံးပြီး တပ်ပျက်ကာ နောက် ကြောင်း ပြန်ဆုတ်သွားကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရွှေဘိုလေ့ကျင့်ရေး ၈ နှင့် ရွှေဘိုမြို့နယ်၊ ဘုတ်ကုန်း (ပျူ ခြံ) မှ ပျူများ ပူးပေါင်းပြီး ခင်ဦးမြို့နယ်၊ မကျီးတုံ (ပျူရွာ) ဘက်သို့ အင်အား ၈၀ ခန့်ဖြင့် ထွက်လာ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ခင်ဦးမြို့နယ် တောင်ဘက်ခြမ်း တိုက် နယ် ၁ နယ်မြေအတွင်း အရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူများ ထိခိုက်သေဆုံးမှုများပြားကာ တပ်ပျက်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာမှ ညတွင်းချင်း ဖရိုဖရဲဖြင့် တပ်ဆုတ်ပြေးသွားကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ပွဲဖြစ်ပွားရာ နေရာအားနယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူများကိုင်ဆောင်အသုံးပြုသော MA4  အမျိုးအစား သေနတ် ၁ လက်၊ MA5 ပစ္စတို သေနတ် ၁ လက်၊ RPG အဖူး၊ အီနာဂါ ၊ 40 mm၊ ကျည်ဘောက်၊ အင်ကွပ်၊ ကျည်ကာ ပြား၊ ဦးထုပ်၊ ခဲယမ်း၊ စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၃ တပ်ရင်း ၊ ခင်ဦးမြို့နယ် ​ပြည်သူ့ကာကွယ်​​ရေးအဖွဲ့ (မြို့ နယ် ပကဖ) ၊ တိုက်နယ် ပကဖများနှင့် မြို့နယ် ပလဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...