အုပ်ချုပ်ရေးကဏ္ဍသည် နိုင်ငံတကာ၊ ပြည်သူနှင့်တော်လှန်ရေး ရေချိန်ကို အကဲဖြတ် သုံးသပ်သည့် ကဏ္ဍတစ်ခုအဖြစ်ရှိနေသောကြောင့် ပြည်သူများ နစ်နာမှုမဖြစ်စေရန် ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

အုပ်ချုပ်ရေးကဏ္ဍသည် နိုင်ငံတကာ၊ ပြည်သူနှင့်တော်လှန်ရေး ရေချိန်ကို အကဲဖြတ် သုံးသပ်သည့် ကဏ္ဍတစ်ခုအဖြစ်ရှိနေသောကြောင့် ပြည်သူများ နစ်နာမှုမဖြစ်စေရန် ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၉

အုပ်ချုပ်ရေးကဏ္ဍသည် နိုင်ငံတကာ၊ ပြည်သူနှင့် တော်လှန်ရေး ရေချိန်ကို အကဲဖြတ်သုံးသပ်သည့် ကဏ္ဍတစ်ခုအဖြစ်ရှိနေသောကြောင့် ပြည်သူများ နစ်နာမှုမဖြစ်စေရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်း ဝင်းခိုင်သန်းက တိုက်တွန်းပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြား ကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၃/၂၀၂၅) တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“တော်လှန်ရေးကာလအုပ်ချုပ်ရေးဖော်ဆောင်ရတာ မလွယ်ကူပေမယ့် ဒီအုပ်ချုပ်ရေး ကဏ္ဍဟာ နိုင် ငံ တကာကသော်လည်းကောင်း၊ ပြည်သူများက သော်လည်းကောင်း၊ တော်လှန်ရေး ရဲ့ ရေချိန်ကို အ ကဲဖြတ် သုံးသပ်တဲ့အခါ အရေးကြီးတဲ့ ကဏ္ဍတစ်ခုအဖြစ်ရှိနေတာ ဖြစ်ပါတယ်၊ ဒါကြောင့် ဆောင် ရွက်စရာကိစ္စတွေကို တတ်နိုင်သမျှ အကြွေးမထားဘဲ ပြီးပြတ်အောင် ဆောင်ရွက်ကြဖို့လိုမှာပါ တယ်။ မြို့နယ်တွေအနေနဲ့ အချိန်နဲ့တပြေးညီ လုပ်ကိုင် ဆောင်ရွက်နေကြရတာဖြစ်လို့ ကျွန်တော် တို့တာဝန်ရှိသူတွေရဲ့ အဆုံးအဖြတ်တွေ ကြန့်ကြာမှုကြောင့် မြို့နယ်တွေမှာ နစ်နာစေတာမျိုး မရှိရ အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အနေဖြင့် အပတ်စဥ် မပျက် မကွက် အစည်းအဝေးများ ပြုလုပ်ကာ အုပ်ချုပ်ရေးကိစ္စအဝဝကို စနစ်တကျ စီမံဆောင်ရွက်ခဲ့ ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့သည်မှာ ၄ နှစ်တင်းတင်း ရှိလာပြီဖြစ်ပြီး တစ်မြို့နယ်ချင်း အခြေအနေ များကို လေ့လာဆန်းစစ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ရာ အတိုင်းအတာတစ်ခု အထိ အောင်မြင်ခဲ့ကြောင်း အသိပေးထားသည်။

သို့ သုံးသပ်ချက်များ ပြုလုပ်နိုင်ခဲ့သဖြင့် လိုအပ်ချက်များ ပြင်ဆင်နိုင်ခဲ့သလို လက်ရှိအခြေအနေများ အရ သော်လည်းကောင်း၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ တော် လှန်ရေးခံယူချက်နှင့် အခြေအနေများ အရ သော်လည်းကောင်း မပြင်နိုင်ခဲ့ ကြသည့်၊ ကောင်းမွန်အောင် မဆောင်ရွက်နိုင်ခဲ့ကြသည့် ဖြစ်စဥ်များ လည်း ရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၃၀ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်များအားလုံးသည် အကြမ်းဖက် သမားများ ဖြစ်ကြောင်း NUG အစိုးရ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုက ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ တွင် ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ကော်မရှင်ဟုခေါ်သော နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်သည် အကြမ်းဖက် အုပ်စု...