သရက်အကျဉ်းထောင်တွင် ညွှန်မှူးလမ်းကြောင်းရှိသည်ဟုဆိုကာ အရေးပေါ်လူကို ဆေးကုသခွင့် မပေးသဖြင့် နိုင်ငံရေးအကျဉ်းသား တစ်ဦး သေဆုံး

သရက်အကျဉ်းထောင်တွင် ညွှန်မှူးလမ်းကြောင်းရှိသည်ဟုဆိုကာ အရေးပေါ်လူကို ဆေးကုသခွင့် မပေးသဖြင့် နိုင်ငံရေးအကျဉ်းသား တစ်ဦး သေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၉

မကွေးတိုင်း၊ သရက်အကျဉ်းထောင်တွင် ညွှန်မှူးလမ်းကြောင်းရှိသည်ဟုဆိုကာ အရေးပေါ်လူနာကို ထောင်အာဏာပိုင်များက အချိန်မီဆေးကုသခွင့်မ‌ပေးခဲ့သဖြင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံး ခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ သရက်အကျဉ်းထောင်အတွင်း အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသား ကိုကျော်လင်းအောင်သည် အသက်ရှုကြပ်သည့် ဝေဒနာကို ခံစားနေရသဖြင့် ထောင် ဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့ရကြောင်း၊ သက်ဆိုင်ရာ ထောင်ဆရာဝန်မှလည်း ထောင်ဆေးရုံအတွင်း လိုအပ်သည့် အောက်စီဂျင်အပါအဝင် အခြားပစ္စည်းများ လုံလောက်မှုမရှိသဖြင့် ပြင်ပ ဆေးရုံသို့ ပြောင်းရွှေ့ကုသရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စက်တင်ဘာလ ၁၄ ရက်‌နေ့တွင် ကိုကျော်လင်းအောင်ကို ပြင်ပဆေးရုံသို့ပြောင်းရွှေ့ကုသ ခွင့်ပေးရန် ထောင်ပိုင် စိုးနောင်ကို တင်ပြခဲ့ရာ ညွှန်မှူးလမ်း ကြောင်းရှိနေသည်ဟုဆိုကာ ပြောင်းရွှေ့ ကုသခွင့်မပေးပဲ ပစ်ထားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ထားခြင်းခံရမှုကြောင့် ကျန်းမာရေးအခြေအနေ အလွန်ဆိုးရွား‌လာပြီး စက်တင်ဘာလ ၁၅ ရက်နေ့မှသာ ပြောင်းရွှေ့ကုသခွင့်ပေးခဲ့ကြောင်း သိရသည်။

အထက်ပါ အခြေအနေများကြောင့် နိုင်ငံရေးအကျဉ်းသား ကိုကျော်လင်းအောင်မှာ အချိန်မီဆေး ကုသခွင့် မရရှိခဲ့သဖြင့် စက်တင်ဘာလ ၁၇ ရက်နေ့ ညနေတွင် မကျဆုံးသင့်ဘဲ ကျဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောဆိုထားသည်။

ထောင်ပိုင် စိုးနောင်သည် နိုင်ငံရေးအကျဉ်းသားများ‌အပေါ်တွင်လည်း အကျဉ်းထောင်ဥပဒေကို လက် တလုံးခြားလုပ်ကာ စည်းကမ်းတကျရှိသယောင်ဖြင့် ဖိနှိပ်မှုများကိုလည်း စနစ်တကျ ကျူးလွန်လျက် ရှိသူဖြစ်ကြောင်း သိရသည်။

၂၀၂၅ခုနှစ် ဆေးကုသခွင့် မရရှိမှုကြောင့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူအနည်းဆုံး ၂၀ ဦး ကျဆုံး ခဲ့ရကြောင်း၊  နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်များအတွင်း မတရားဖမ်းဆီးပြီးနောက် ဆေးဝါး စောင့်ရှောက်မှု လုံလောက်စွာ မပေးခြင်း၊ အချိန်မီ ဆေးကုသခွင့် မပေးခြင်းများသည် လူ သားတစ်ဦး ရရှိရမည့် အသက်ရှင်သန်ပိုင်ခွင့်ကို အတိအလင်း ချိုးဖောက်‌နေခြင်းဖြစ်ကြောင်း အသိ ပေးထားသည်။

ယင်းဖြစ်ရပ်များတွင် အဓိက ကျူးလွန်နေသူများ၊ ပါဝင်နေသူများအနေဖြင့် ရပ်တန်းက ရပ်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ဆက်လက် ကျူးလွန်နေပါက PPNM အနေဖြင့် ကျူးလွန်သူများကို ဆက်လက် ဖော်ထုတ်သွားမည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများအတွက် တရားမျှတမှု အပြည့်အဝ ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ထောင်ဗူးဝ၌ ပြန်လည်ဖမ်းဆီး

သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ထောင်ဗူးဝ၌ ပြန်လည်ဖမ်းဆီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၃ ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံ ရေး အကျဉ်းသား ၅ ဦးကို ထောင်ဗူးဝ၌ပင် ပြန်လည်ဖမ်းဆီးခံလိုက်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင် ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။ အောက်တိုဘာလ ၁ ရက်နေ့က သာယာဝတီအကျဉ်းထောင်မှ သာယာဝတီအကျဉ်းထောင်မှ...