သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၉
စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လူထုနည်းဖြင့် ဆန့်ကျင်ရေး ဗျူဟာချမှတ်ကာ လုပ်ဆောင်နေ သလို ၂၀၂၀ ရွေးကောက်ခံလွှတ်တော်မှတဆင့် ကြားကာလအစိုးရ အမြန်ဆုံးပေါ်ထွန်းရေးလိုအပ် လျက်ရှိကြောင်း စစ်ကိုင်းဖိုရမ် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်း ဆောင် ကိုစိုးဝင်းဆွေက ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သပိတ်အင်အားစုများအနေဖြင့် လူထု နည်းလမ်းနှင့် ဆန့်ကျင်တုန့်ပြန်နိုင်ရန် ဗျူဟာများချမှတ်ဆောင်ရွက်လျက်ကြောင်း သိရသည်။
“ကျနော်တို့ သပိတ်အင်အားစု ညီအစ်ကိုမောင်နှမတွေအနေနဲ့ကလည်း လူထုနည်းလမ်းနဲ့ ဆန့်ကျင့် တုန့်ပြန်တဲ့ ဗျူဟာတွေချမှတ်ပြီးတော့ အားကောင်းမောင်းသန်ပေါ့၊ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်နေကြတာရှိပါတယ်။” စစ်ကိုင်းဖိုရမ် စစ်ကိုင်း ပြည် သူဖေးမကူကွန်ရက် လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်း ဆောင် ကိုစိုးဝင်းဆွေက ပြောကြားသည်။
ထို့အပြင် မဟာဗျူဟာ ကျကျ တုန့်ပြန်နိုင်ရေးအတွက် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း တို့ တွင် ၂၀၂၀ ရွေးကောက်ပွဲမှ တက်လာသည့် ရွေးကောက်ခံလွှတ်တော်မှ တဆင့်ဖွဲ့စည်းပေးသည့် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ကြားကာလအစိုးရအဖွဲ့ အမြန်ဆုံးပေါ်ပေါက်ရန်လိုအပ်ကြောင်း အသိပေးထားသည်။
“ဒီထက်ပိုပြီးတော့ အရေးပါတာကတော့ မဟာ ဗျူဟာ ကျကျတုန့်ပြန်တဲ့ကိစ္စ၊ ဥပမာ Regional အလိုက်ပေါ့၊ စစ်ကိုင်းတို့၊ မန္တလေးတို့၊ မကွေးတို့မှာ သက်ဆိုင်ရာ ကြားကာလ အခြေခံ ဥပဒေတို့၊ ကြားကာလအစီအမံတို့ အတည်ပြုတဲ့နေရာတွေရှိ တယ်၊ အတည်ပြုဖို့ကြိုးစားနေတဲ့ နေရာတွေ ရှိတယ်။ အဲဒီကနေ တိုင်းဒေသ ကြားကာလ ဖက်ဒရယ် ယူနစ် အစိုးရတွေပေါ်ထွန်းလာမယ်၊ ဒါက ၂၀၂၀ အနိုင်ရ လွှတ်တော်ကနေ သက်ဆိုင်ရာလုပ်ထုံး လုပ်နည်းတွေနဲ့အညီ ရွေးကောက်တင် မြှောက်တဲ့ ရွေးကောက်ခံအစိုးရဗျ။ ဒီလိုအစိုးရတွေ ပေါ်ထွန်း လာနိုင်ခြေရှိပါတယ်။ ဒါတွေက ရွေးကောက်ပွဲမတိုင်ခင်မှာကို ပေါ်ထွန်းလာနိုင်ခြေရှိတယ်။ ဒီလိုပေါ် ထွန်းလာခြင်းဟာ ပြည်သူလူထု လက်ခံထားတဲ့ ပြည်သူလူထုတခဲနက်ထောက်ခံထားတဲ့ ၂၀၂၀ မန်းဒိတ်အရဆောင်ရွက်တာ ဖြစ် တယ်။ ဒါကမှ ဒီမိုကရေစီနည်းကျတယ်၊ ဒါကမှ တရားဝင် တင် မြှောက်ထားတဲ့ တရားဝင်အဖွဲ့ အစည်း ဖြစ်တယ်၊အကြမ်းဖက်စစ်တပ်သည် မတရား အာဏာ သိမ်းပြီးတော့ အတုအယောင် ရွေး ကောက်ပွဲကျင်းပတာဟာ ပြည်သူမထောက်ခံတဲ့ ဒီမိုကရေစီ နည်းမကျတဲ့ လက်နက်အားကိုးနဲ့ အနိုင် ကျင့်တာဖြစ်တယ်ဆိုတာကို နိုင်ငံတကာကို ပြသရာ ရောက်မယ်။ ပြီးတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း မဟာဗျူဟာ ကျကျ တုန့်ပြန်ပြီးသားဖြစ်မယ်ပေါ့၊ ဒါ့ကြောင့် ကြားကာလ အစီအမံတွေကို ၂၀၂၀ မန်းဒိတ်ရလွှတ်တော်ကနေ ကြားကာလ အခြခံ အစီအမံ တွေကို အတည်ပြု တယ်၊ အဲဒီကနေ အဲဒီဖြစ်စဉ်အရ ကြားကာလ အုပ်ချုပ်ရေး ကောင်စီတွေ၊ ကြားကာလ အစိုးရတွေ မြန်မြန်ပေါ်ထွန်းနိုင်ဖို့ ကြိုးစားနေကြတာရှိပါတယ်၊ ဒါသည်ပင်လျှင်စစ်ကောင်စီရွေးကောက်ပွဲကို မဟာဗျူဟာ ကျကျအကောင်းဆုံးတုန့်ပြန်မှု ဖြစ်ပါလိမ့်မယ်။” ဟု စစ်ကိုင်းဖိုရမ် စစ်ကိုင်း ပြည် သူဖေးမကူကွန်ရက် လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်း ဆောင် ကိုစိုးဝင်းဆွေက ပြောဆိုသည်။
Thanlwin Myanmar Media