သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးဘူတာနားရှိ စစ်တပ် ကင်းပုန်းစခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်သံ)

သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးဘူတာနားရှိ စစ်တပ် ကင်းပုန်းစခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၉

 

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ် ၊ထင်းရှူးဘူတာနားရှိ စစ်တပ် ကင်းပုန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်သည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်က သံဖြူဇရပ်မြို့နယ် ထင်းရှူးဘူတာနားရှိ အ ကြမ်းဖက် စစ်တပ် ကင်းပုန်းနေရာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနမှ တပ်များ ဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) ၊ ရာမညတပ်‌တော် (RMA) ၊ KNLA တပ်ရင်း ၂၇ တပ်ခွဲ ၁ ၊ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ နှင့် တပင်ရွှေထီးတပ် တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံးပြီး တပ်ကြပ်တစ်ဦး အပါအဝင် ၇ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၂ ရက် နံနက် ၃ နာရီ ၃၀...