သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၉
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၂၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးများ ဖြင့် တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Operation Flame အဖွဲ့က ထုတ်ပြန်သည်။
ယနေ့စက်တင်ဘာလ ၁၉ ရက် နံနက် အစောပိုင်း ၂ နာရီ ၁၉ မိနစ်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့ နယ် ၊ ဟံသာဝတီလမ်းနှင့် ပိတောက်မြိုင်လမ်းဆုံရှိ အမှတ် ၁၂၄ ရပ်ကွက် အုပ်ချုပ်ရေးရုံးကို မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်သွင်းတိုက်ခိုက်ခဲ့တာပါ၊ ရုံးမှာ ရပ်ကွက်ကင်းစောင့် ၊ ကင်းပါတ်လုပ်နေကြတဲ့ အကြမ်းဖက်စစ်တပ် လက်ပါးစေ အုပ်ချုပ်ရေးမှုးနှင့်ပျူ ၃ ဦး လောက် ထိတယ်လို့ ကနဦး မြေပြင် သတင်းရပါတယ်။ ဆေးရုံကားတွေ ရောက်သွားတယ်လို့လည်း သိရတယ်။ ပေါက်ကွဲပြီး ၁၂၄ ရပ် ကွက်ထဲရော၊ နီးစပ် ၁၃၃ ရပ်ကွက်ဘက်ရော စခ၊ ရခ ၊ ပျူ အမြောက်မြား ကင်းပါတ် နဲ့ အစစ်ဆေး လုပ်ကြတယ်။ ဒီ မနက်ထိ အဲ့ ၁၂၄ ရပ်ကွက်ရုံး တဝိုက်ကို ပိတ်ဆို့ စစ်ဆေးတာမျိုး နဲ့ လမ်းသွားပြည် သူတွေကို စစ်ဆေးတာမျိုး လုပ်နေကြတယ်လို့ မြေပြင်သတင်းရထားပါတယ်” ဟု Operation Flame အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ စစ်ဆင်ရေးကို Operation Flame နှင့်အတူ မဟာမိတ် Yangon UG People Army -YUPA တို့ ပူးပေါင်းကာ Operation Flame-“Fire Power” အထူးစစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး မြိုပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင်ရွေး ကောက်ပွဲကို ပူးပေါင်းပါဝင်လှုပ်ရှားနေသည့် ရုံးတစ်ရုံးဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Operation Flame အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်ဖော်ဆောင်မည့် အတုအယောင် ရွေး ကောက်ပွဲကို လုံးဝလက်ခံသွားမည် မဟုတ်ပဲ ရန်ကုန်တော်လှန်ရေး မဟာမိတ်များအားလုံးနှင့် အတူ လက်တွဲ၍ အရှိန်မြင့်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media