ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးနှင့်ရေဖြူမြို့နယ်တို့တွင် စစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးနှင့်ရေဖြူမြို့နယ်တို့တွင် စစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်နှင့်ရေဖြူမြို့နယ်တို့ တွင် အကြမ်းဖက်စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပ ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန် ကြားရေးဌာနက ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၇ ရက် န့နက် ၁၁ နာရီခန့်က ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ် ၊ လောင်း လုံးမြို့နယ်နှင့် ရေဖြူမြို့နယ်အတွင်းရှိ ပကာရီကျေးရွာ ၊ ပခပ်ကျေးရွာ ၊ ရေဝိုင်းကျေးရွာ ၊ ကင်းရှေ့ ကျေးရွာ ၊ ဥတ္တူကျေးရွာ ၊ စော်ဖျားကျေးရွာ ၊ မဲနယ်အိုး‌ကျေးရွာ၊ ဝေဒီကျေးရွာ ၊ သပြေရှောင်ကျေးရွာ ၊ ကြက်ယက်တွင်းကျေးရွာ နှင့် ကျောက်တွင်း ကျေးရွာတို့ကို အကြမ်းဖက်စစ်တပ်က Y 12 လေယာဉ် ၂ စင်းဖြင့် ၁၂၀ မမ ဗုံးသီးများ ကြဲချခဲ့‌ကြောင်း သိရသည်။

ထိုသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောင်းလုံးမြို့နယ်၊ ဝေဒီရွာကျေးရွာရှိ အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်တင်ရှိန်၊ သမက်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကိုဝေယံဖြိုး နှင့် အသက် ၃၀ ခန့် ရှိ ဒေါ်တင်ရှိန်၏ သမီးဖြစ်သူတို့ ၃ ဦးသေဆုံးပြီး အသက် ၆၀ အရွယ် ခန့်ရှိ ဦးယူစိန်၊ အသက် ၁၀ နှစ် အောက်ရှိ ဦးယူစိန်၏မြေးဖြစ်သူ ကလေးငယ် နှစ်ဦးနှင့် အခြားကလေးငယ်တစ်ဦး စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန် ကြားရေးဌာန

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...