သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ဘူတာအနီးရှိ စစ်တပ်ကင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ဘူတာအနီးရှိ စစ်တပ်ကင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ဘူတာအနီးရှိ စစ်တပ်ကင်းပုန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီခန့်က သံဖြူဇရပ်မြို့နယ် ၊ အနင်းကျေးရွာ ဘူတာ အနီးရှိ စစ်ကောင်စီ၏ ကင်းပုန်းတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ ရာ စစ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် သိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနမှ တပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် ရေးပြည်သူ့ကာ ကွယ်ရေးတပ် (YPDF) တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ပြီး စစ်သား ၂၀ ဦး သေဆုံး

ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ပြီး စစ်သား ၂၀ ဦး သေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီ စစ်သားမှ ၂၀ ဦး သေဆုံးခဲ့ကြောင်း KNU-Mutraw District က ထုတ်ပြန်သည်။ စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖာပွန်ခရိုင်တွင်...