သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၅
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ် သားများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မကွေးတိုင်း၊ ပကဖက ထုတ်ပြန်သည်။
စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ တောင် ဘက်၌ ကျေးရွာအတွင်းမှ ထွက်လာသော လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရန် စောင့်ဆိုင်းနေသော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူပူးပေါင်းအင်အား ၅၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကစဉ့်ကလျားဖြင့် ရေနံချောင်းမြို့ ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ထိုသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို လိုက်လံတိုက်ခိုက်စဉ် ရေနံချောင်းမြို့ဘကမှ စစ်ကူကား ၃ စီးတက်လာသောကြောင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မကွေးခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ခွဲ၏ ပြည်သူ့ကာကွယ်ရေး ရဲဘော် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့ကလည်း ဂျုပ်ကုန်းကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်း၌ ဝါတွင်းကာ လ ဆွမ်းလောင်းရေစက်ချပွဲ ပြုလုပ်နေစဉ် စစ်ကောင်စီတပ်သားများ ဝင်ရောက်၍ ပေါ်တာဆွဲ ဖမ်း ဆီးခဲ့ရာ ဘုန်းကြီးကျောင်းသား ၄ ဦးပါသွားပြီး ၃ ဦးမှာ ငွေပေး ရွေးယူ၍ ပြန်လည် လွှတ်ပေးလိုက် သော်လည်း ကျန် (၁) ဦးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်သည် မတရား စစ်မှုထမ်း ဥပဒေ ထုတ်ပြန်၍ နိုင်ငံအနှံ့ရှိလူငယ်များအား ပေါ် တာ ဆွဲကာ သေတွင်းပို့နေခြင်း အပါအဝင် ပြည်သူလူထုအား ရမ်းကား ယုတ်မာမှုများ နေ့စဉ်နှင့်အမျှ ပြုလုပ်နေသောကြောင့် မိဘပြည်သူများအနေဖြင့် အထူး ဂရုစိုက်ကြပါရန် မကွေးတိုင်း၊ ပကဖက မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media