Yangon News

Yangon News

အင်းစိန် CID ရုံးပေါက်ဝဂိတ်ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၃ ဦးထက်မနည်းသေဆုံး

 

D Day News

မေလ ၁၀

 

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမပေါ်ရှိ အကြမ်းဖက် စစ် တပ် လက်အောက်ခံ အမှတ် ၂ မှုခင်းရဲတပ်ဖွဲ့မှူးရုံး – CID ရုံးဂိတ်ပေါက်ဝကို လက်ပစ်ဗုံးဖြင့် တိုက် ခိုက်ခဲ့ရာ ရဲ ၃ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း Mother Son Yangon Force အဖွဲ့ထံမှ သိရသည်။

 

ယနေ့ မေလ ၁၀ ရက် ညနေ ၅ နာရီ မိနစ် ၃၀ အချိန်က အင်းစိန်မြို့နယ် ၊ ရွာမ အရှေ့ရပ်ကွက် အောက်မင်္ဂလာဒုံလမ်းရှိ အမှတ် ၂ မှုခင်းရဲတပ်ဖွဲ့မှူးရုံး – CID ဂိတ်ပေါက်ကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဂိတ်ပေါက်ဝတည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲ ၃ ဦးထက်မနည်း သေဆုံးနိုင်ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိ နိုင်ကြောင်း သိရသည်။

“လောလောဆယ်တော့ အကုန်ပိတ်ထားပြီးတော့ စစ်ဆေးနေတယ်။ အနားကို ကပ်လို့ မရဘူး။ အနည်းဆုံး ၃ ကောင်ကတော့ ကျဖို့သေချာတယ်။ ပထမ တစ်လုံးပစ်လိုက်တဲ့အချိန်မှာ ထွက်လာ တယ်။ ထွက်လာတဲ့အချိန်မှာ ဒုတိယတစ်လုံးနဲ့ ထပ်ပစ်တာ၊ အဲဒီမှာ ဂိတ်ဝတည့်တည့်ကိုကျတာ။ ဂိတ်ဝတည့်တည့်မှာတင် သုံးလေးကောင်လဲကျသွားတယ်။ လဲကျသွားတဲ့သူတွေကို ဆွဲသွားတာလဲ တွေ့ရတယ်လို့ သတင်းရထားတယ်။ နောက်ဆက်တွဲအရေအတွက်ကတော့ မသိရသေးဘူး” ဟု Mother Son Yangon Force အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သေမင်းတမန် Lpdf အဖွဲ့ နှင့် Mother Son Yangon Force. UG မြို့ပြ ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျား ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“ကင်းပုန်းတွေအများကြီးကြားထဲကနေ တိုက်ခိုက်ခဲ့ရတာ၊ အဲနားမှာဆိုရင် ရုံးပေါင်းစုံ ရော၊ တရားရုံး တွေ ရော၊ ဆေးရုံ တွေရော၊ ရဲစခန်းတွေရော အများကြီးရှိတာ၊ နောက်ပြီးတော့ နောက် သုံးလေးရက် လောက်နေရင် သံလျင်မှာ တံတားဖွင့်ဖို့အတွက် အကောင်ကြီးကြီး လာဖို့ရှိတာရယ်ကို သတိပေးတဲ့ အနေနဲ့ တိုက်ခိုက်ခဲ့တာပါ၊” ဟု Mother Son Yangon Force ဦးစီးမှူး ဗိုလ်နိုင်က ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သောကြောင့် အသိအမှတ် မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန် NLD ပါတီက ယနေ့ ထုတ်ပြန်လိုက်သည်။ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ...