နွေဦးတော်လှန်ရေးဟာ ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်းဆုတ် ပုံစံမျိုးဖြင့် တရွေ့ရွေ့ ချီတက်နေ၊ တော်လှန်ရေး၊ နိုင်ငံရေး သက်လုံမြှင့်တင်ထားကြရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း (ရုပ်သံ)

နွေဦးတော်လှန်ရေးဟာ ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်းဆုတ် ပုံစံမျိုးဖြင့် တရွေ့ရွေ့ ချီတက်နေ၊ တော်လှန်ရေး၊ နိုင်ငံရေး သက်လုံမြှင့်တင်ထားကြရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၅

နွေဦးတော်လှန်ရေးသည် ရှေ့နှစ်လှမ်းတိုး -နောက်တစ်လှမ်းဆုတ် ပုံစံမျိုးဖြင့် တရွေ့ရွေ့ချီတက် နေပြီး တော်လှန်ရေး၊ နိုင်ငံရေး သက်လုံမြှင့်တင်ထားကြရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။

ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျနေရာက်သော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌ ၎င်းက ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိနွေဦးတော်လှန်ရေးသည် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ထူထောင်နိုင် ရန် တိုက်ပွဲဝင်သည့် တော်လှန်ရေးဖြစ်ကြောင်း၊ ထို့ကြောင့် ခရီးကြမ်းကိုလည်း ဖြတ်သန်းနေရသလို၊ အချိုးအကွေ့တွေကိုလည်း ဖြတ်သန်းနေကြရကြောင်း၊ ထို့အပြင် နိုင်ငံရေးမိုးသက်မုန်တိုင်းများနှင့် နိုင်ငံရေးချောက်ကမ်းပါးများကိုလည်း ကျော်ဖြတ် နေရကြောင်း အသိပေးထားသည်။

“လက်ရှိ ၂၀၂၅ ခုနှစ်ဟာ ပိုမိုအကဲဆတ်တဲ့ နိုင်ငံရေးမုန်တိုင်းတွေနဲ့ ကြုံတွေ့ရတဲ့ နှစ်တစ်နှစ်အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးဟာ အနိမ့်အမြင့်၊ အတက်အကျ တွေကြား ထဲ မှာ ပန်းတိုင်ကို မမှိတ်မသုန် ချီတက်နေပါတယ်။ ကျွန်တော်တို့ဟာ နည်းဗျူဟာ အပြောင်းအလဲနဲ့ မဟာဗျူဟာ အလှည့်အပြောင်းတွေကို ပြောင်းလဲကျင့်သုံးမှုတချို့ ရှိပေမယ့် မူလပန်းတိုင်နဲ့ မူလ ရည်မှန်းချက်ကို ဘယ်သောအခါမှ သွေဖည်ခြင်းမရှိဘူးဆိုတာ ပြောကြားလို ပါတယ်။ နွေဦးတော် လှန်ရေးဟာ ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်းဆုတ် ပုံစံမျိုးနဲ့ တရွေ့ရွေ့ ရှေ့ကို ချီတက်နေပါ တယ်။ အဲသည့်အတွက် ကျွန်တော်တို့ဟာ အနှောက်အယှက်၊ အဟန့်အတားတွေကို မမှုဘဲ ဆက် လက်ချီတက်တိုက်ပွဲဝင်နိုင်အောင်၊ မိမိတို့ တော်လှန်ရေးသက်လုံနဲ့ နိုင်ငံရေးကိုယ်ခံအားကို မြှင့်တင်ထားကြဖို့ တိုက်တွန်းလိုပါတယ်” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြား သည်။

ယခုအခါ စစ်ကော်မရှင်အနေဖြင့် စစ်အာဏာရှင်စနစ်ကို ခေါင်းစဉ်အမျိုးမျိုးပြောင်းပြီး သက်ဆိုးရှည် အောင် အတုအယောင်ရွေးကောက်ပွဲကို လုပ်ဆောင်ရန် ကြိုးစားလျက်ရှိကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ဒီမိုကရေစီရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲဖြင့် ပုံမှားရိုက်ရန် ကြိုး စား နေကြောင်း အသိပေးထားသည်။

“ပြည်တွင်းအင်အားစုတချို့ကလည်း အတုအယောင်ရွေးကောက်ပွဲ မှန်းသိပေမယ့်၊ ဒါဟာ အဖြေရဲ့ လမ်းစများဖြစ်မလားဆိုပြီး မျှော်ကိုးနေတာကို တွေ့ရပါတယ်။ ဒီလို မျှော်ကိုးမှုဟာ လူထုရဲ့ ဒီမို ကရေစီအခွင့်အရေးအတွက်လား၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ဝိုင်းဝန်းချီးမြှောက် နေခြင်းလားဆိုတာလည်း မသဲမကွဲဖြစ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ လူထုကို လှည့်ဖြားတဲ့ မည်သည့်နိုင်ငံရေးလှည့်ကွက်မျိုးကိုမဆို၊ ကန့်ကွက်ရှုတ်ချကြောင်း ပြောကြားလိုပါတယ်။” ဟု နိုင်ငံ တော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် ပြည်သူလူထု၏ ထွက်ပေါက် မဟုတ်ဘဲ စစ် အာဏာရှင် ခေါင်းဆောင်များအတွက် နိုင်ငံရေးထွက်ပေါက် ဖြစ်ကြောင်း၊ စစ်အာဏာရှင်များ အ သက် ရှုပေါက်ချောင်လေလေ၊ ပြည်သူလူထုဟာ အသက်ရှုကြပ်လေလေ ဖြစ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖြေင့် စစ်မှန်သည့် ဒီမိုကရေစီဖြစ်ထွန်းရေး၊ စစ်မှန်သည့် လူထု လွတ် လပ်ခွင့်များ အာမခံချက်ရှိရေးကို အားသွန်ကြိုးပမ်းနေကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် လူထု နိုင်ငံ ရေး နည်းလမ်းများ အပါအဝင် လက်နက်ကိုင်တော်လှန်ရေးနည်းနှင့် သံတမန်နည်း လမ်းများကို ပေါင်းစပ် အသုံးပြုပြီး ကြိုးစားနေကြောင်း အသိပေးထားသည်။

“တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ စစ်မှန်တဲ့ ဒီမိုကရေစီမူဘောင်တွေ အသက်ဝင်ရေးနဲ့ ဒီမို ကရက်တစ်အင်စတီကျူးရှင်းများ ခိုင်ခိုင်မာမာ အသက်သွင်းတည်ဆောက်နိုင်ရေးဟာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးပဲဖြစ်ပါတယ်။ နိုင်ငံတည်ဆောက်ရေးဟာ တော်လှန်ရေး မအောင်မြင် ဘဲနဲ့ ကျကျနန တည်ဆောက်လို့ မရနိုင်ဘူး ဆိုတာလည်း သတိချပ်ဖို့ လိုပါတယ်။ တော်လှန်ရေးနဲ့ တည်ဆောက်ရေးဟာ တွဲဖက်နေတာကြောင့် ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို အောင်မြင် စွာ တော်လှန်ပြီး ဒီမိုကရေစီစနစ်ကို အခိုင်အမာ တည်ဆောက်နိုင်ဖို့ဟာ အင်မတန်အရေးကြီး ကြောင်း ပြောကြားလိုပါတယ်။”ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော (ရုပ်သံ)

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ ပြည်သူ့ဆန္ဒကို အလေးမထားတဲ့၊ ဒီမိုကရေစီကို လေးစားမှုမရှိတဲ့ စစ်အုပ်စုရဲ့...