တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၅

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသော တောင်ငူ -လိပ်သို လမ်းပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့က တောင်ငူမြို့မှ အင်အား ၂၀၀ ခန့်ဖြင့် တောင်ငူ-လိပ်သိုလမ်းပိုင်းသို့ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဥသျှစ်ပင်ကျေးရွာအနီးအရောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၂ ဦးသေဆုံးခဲ့ပြီး အ များ အပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရ စစ်သားများကို တောင်ငူမြို့သို့ ကားဖြင့် သယ် ဆောင်သွားကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁၄ ရက် နံနက်အစောပိုင်း ၂ နာရီ ၃၀ မိနစ်တွင်လည်း သံတောင်ကြီးမြို့ နယ်၊ မုခ်ဦးကျေးရွာအနီးသို့ ရောက်ရှိလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ထပ်မံ၍ ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲ အ တွင်း သေဆုံးသွားသော စစ်သားများကို ကားဖြင့် တောင်ငူမြို့သို့ သယ်ဆောင်သွားပြီး ဒဏ်ရာရ စစ်သား ၄ ဦးကို ပုခက်များဖြင့်ထမ်းကာ ခြေလျင်စစ်ကြောင်းနှင့်အတူ နောက်ပြန်ဆုတ်သွား ကြောင်း သိရသည်။

“ဥသျှစ်ပင်ရွာကတောင်ငူမြို့နယ်ပါ၊ မုခ်ဦးကျေးရွာကတော့ သံတောင်မြို့နယ်ထဲကပါ။ တောင်ငူ-လိပ် သိုလ်လမ်းမပေါ်ပါပဲ။ စခတွေက တောင်ငူမြို့ကနေတက်လာတာ၊ ကျနော်တို့ဘက်က ရဲဘော်တွေ အားလုံး ဘေးကင်းပါတယ်။ အထိအခိုက်မရှိပါဘူး။ စခတွေက အင်အားအများအပြားနဲ့နေ့တိုင်း စစ် ကြောင်းထိုးနေတာမို့ လက်နက်ခဲယမ်းလိုအပ်ချက်ရှိပါတယ်။ မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တောင်ငူ -လိပ်သိုလမ်းပိုင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က တပ်သားအင်အား များစွာဖြင့်စစ်ကြောင်းထိုးနေသောကြောင့် လမ်းသွား လမ်း လာများ မိဘပြည်သူများအနေဖြင့် ဂရုစိုက်သွားလာကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းလှမြို့မရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းလှည့်ထွက်လာသော ရဲများကို မိုင်းဆွဲတိုက်ခိုက်

မင်းလှမြို့မရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းလှည့်ထွက်လာသော ရဲများကို မိုင်းဆွဲတိုက်ခိုက်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၄ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်၊ မြိုမရဲစခန်းမှ ကင်းလှည့်ရန် ထွက်ခွာလာသည့် ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၃ ရက် ည ၈ နာရီ ၅၀...