Monywa News

Monywa News

မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် စစ်တပ်ရိက္ခာပို့ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦးသေဆုံး (ရုပ်သံ)

 

D Day News

မေလ ၁၀

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာချောင်းဦးလမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ် ရိက္ခာပို့ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၂ ဘီးကားမောင်းသူ ၁ ဦးသေဆုံးခဲ့ကြောင်း Aera 71 Monywa PDF ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၉ ရက် နံနက် ၁၀ နာရီ ၅၆ မိနစ်အချိန်က စစ်ကိုင်းမြို့မှ မုံရွာမြို့အနောက်မြောက် တိုင်းစစ်ဌာနချုပ်ထဲသို့ စစ်အသုံးအဆောင်နှင့် ရိက္ခာပစ္စည်းများ ပို့ဆောင်ရန် ထွက်လာသည့် ၁၂ ဘီး တွဲကားတန်းနှင့် ၎င်းတွဲကားတန်းအား လုံခြုံရေးယူပေးသော Jammer တပ်ဆင်ထားသည့် ကားတို့ ကို မုံရွာ_ချောင်းဦးလမ်းပိုင်းတနေရာ၌ ၃ လုံးတွဲ မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

https://youtu.be/aKf6gcayCeI

ထိုသို့ ဖောက်ခွဲတိုက်ခိုက်မှုအတွင်း ၁၂ ဘီးကားတန်း၏ အဓိက စစ်လက်နက်ပစ္စည်းများဟု ယူဆရ သော ၄ စီးမြောက် ကာ ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ပြီး ယာဉ်မောင်းထိမှန်သေဆုံးကာ ၎င်းကားမှာ ယိမ်း ယိုင်ထိုးရပ်သွားကြောင်း၊ ဖောက်ခွဲတိုက်ခိုက်ခြင်းနှင့်အတူ နောက်မှ ကပ်လိုက်လာသော Jammer ကားပေါ်မှ စစ်သားများနှင့် လမ်းဘေးကင်းပုန်းဝပ်နေသော စစ်သားများကို လမ်းဘေး ဝဲယာရှိ ပြည်သူ့နေအိမ်များပေါ်သို့ မီး လောင်ဗုံးများပစ်ခတ်ခဲ့ရာ နေအိမ်များ မီးလောင်ပျက်စီးခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Area71 PDFMonywa အဖွဲ့မှ လုပ်ဆောင်ခဲခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သား များကို ပြန်လည်ပစ်ခတ် တိုက်ခိုက်နိုင်သည့် လက်နက်အင်အား၊ လူအင်အား မမျှသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း - နွားထိုးကြီး...