အကြမ်းဖက်စစ်အုပ်စုကို တရားစွဲ အရေးယူနိုင်ရေး ပြင်ဆင်နေသည့် အင်္ဂလန်နိုင်ငံ အပါအဝင် တ ခြားသော တရားရေးဆိုင်ရာ အရေးယူနိုင်မည့် ယန္တရား များဖြစ်သည့် ICC ၊ ICJ နှင့် အာဂျင်တီးနား နိုင်ငံတို့မှ သီးခြားလိုအပ်သည့် သက်သေအထောက်အထားများ၊ တောင်းဆိုချက်များကို မျှဝေလျက် ရှိကြောင်း IIMM အတည်ပြု

အကြမ်းဖက်စစ်အုပ်စုကို တရားစွဲ အရေးယူနိုင်ရေး ပြင်ဆင်နေသည့် အင်္ဂလန်နိုင်ငံ အပါအဝင် တ ခြားသော တရားရေးဆိုင်ရာ အရေးယူနိုင်မည့် ယန္တရား များဖြစ်သည့် ICC ၊ ICJ နှင့် အာဂျင်တီးနား နိုင်ငံတို့မှ သီးခြားလိုအပ်သည့် သက်သေအထောက်အထားများ၊ တောင်းဆိုချက်များကို မျှဝေလျက် ရှိကြောင်း IIMM အတည်ပြု

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၃

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုစနစ် (UJ) အရ အကြမ်းဖက်စစ်အုပ်စုအား တရားစွဲ အရေးယူနိုင်ရေး ပြင်ဆင်နေသည့် အင်္ဂလန်နိုင်ငံ အပါအဝင် တခြားသော တရားရေးဆိုင်ရာ အရေးယူနိုင်မည့် ယန္တရားများဖြစ်သည့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ နိုင်ငံတကာတရားရုံး (ICJ) နှင့် အာဂျင်တီးနားနိုင်ငံတို့မှ သီးခြား လိုအပ်သည့် သက်သေအထောက်အထားများ တောင်းဆိုချက်များကိုလည်း မျှဝေလျက် ရှိကြောင်း အတည်ပြုထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၀ ကြိမ်မြောက်အစည်းအဝေးအမှတ်စဉ် ၂ – မြန်မာနိုင်ငံ ဆိုင် ရာ လူ့အခွင့်အရေးအခြေအနေများနှင့် စပ်လျဉ်းသည့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နှင့် မြန် မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (Independent Investigative Mechanism for Myanmar – IIMM) ၏ အကြီးအကဲတို့၏ အစီရင်ခံစာများတင်ပြချက် အပေါ် အပြန်အလှန် ဆွေး နွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေအနေတခုလုံးကို နိုင်ငံတကာရာဇဝတ်မှုအမှုရုံး (ICC) သို့ လွှဲပြောင်းရန် ကုလ သမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် အရေးယူဆောင်ရွက်မှုများ ယခုထက်ပိုမို အားကောင်းရန်၊ လူ နည်းစုအင်အားစုများ အပါအဝင် ရိုဟင်ဂျာပြည်သူများကို ကာကွယ်ရန် နိုင်ငံတကာ တရားရုံး (ICJ) မှ ချမှတ်ထားသည့် ကြားဖြတ် စီမံဆောင်ရွက်ချက်များကို အပြည့်အဝ လေးစားလိုက်နာစေရန် IIMM နှင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တောင်းဆိုထားသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုအား လက်နက်များ၊ လေယာဉ်လောင်စာများနှင့် စစ်ဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို ပေးပို့နေသည့် နိုင်ငံအသီးသီးကို ဖိအားပေး၍ ပံ့ပိုးမှုများကို အမြန် ဆုံး ရပ်တန့်စေရန် ၊ ကမ္ဘာ့နိုင်ငံများ အနေဖြင့် ဒုက္ခသည်အဖြစ် ခိုလှုံလာသည့် မြန်မာပြည်သူများအား (non-refoulement) နေရပ်ပြန်မပို့ခြင်း နိုင်ငံတကာသဘောတူညီမှုကို လေးစားလိုက်နာ၍ ဒုက္ခ သည် များအတွက် လုံခြုံသေချာသော ဂုဏ်သိက္ခာရှိသည့် အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေးမူဝါဒ များအား ပိုမိုကျင့်သုံးနိုင်ရေးလှုံ့ဆော်ရန်တို့ကို ဆက်လက်တိုက်တွန်းထားသည်။

အလားတူ လုံခြုံရေးကောင်စီက ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ချမှတ်ခဲ့သည့် ဆုံးဖြတ် ချက် အမှတ် ၂၆၆၉ ကို လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန်၊ ထိုချမှတ်မှုတွင် အကျုံးဝင်သည့် အကြမ်းဖက်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရန်၊ မတရားသဖြင့် အကျဉ်းချခံထားရသည့် အကျဉ်း သားများကို လွှတ်ပေးရန်၊ ညှိနှိုင်း ဆောင်ရွက်ချက်များအား လူ့အခွင့်အရေးအား လေးစားလိုက်နာ၍ ဆောင်ရွက်ရန် ထပ်မံတိုက်တွန်းထားသည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေသည့် ပြည်သူလူထုအပေါ် ကူညီ ကယ်ဆယ်မှု အားလုံးကို တားဆီးပိတ်ပင်ထားမှုများအား ဖယ်ရှားပေးရန်နှင့် အကြမ်းဖက်စစ်အုပ်စုက ကြိုတင်ပြင် ဆင်နေသည့် တရားဝင်မှု မရှိသည့် အတုအယောင် ရွေးကောက်ပွဲ (sham elections) ကို တားဆီးပယ်ဖျက်ရန်လည်း ဆက်လက်တောင်းဆိုးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူ့အခွင့်အရေးမဟာမင်းကြီးရုံးနှင့် မြန်မာ နိုင်ငံဆိုင်ရာ လွတ် လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား တို့၏ လက်တွေ့အကျိုးရှိသည့် ကြိုးပမ်း ဆောင်ရွက်မှုများ နှင့် အကြမ်းဖက်စစ်အုပ်စု ၏ အကြမ်းဖက်မှုများကို ထုတ်ဖော်ရန်၊ အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်း ဖက်နေမှုများကို တားဆီးရန်၊ နိုင်ငံတကာ အသိုက်အဝန်းအား မြန်မာ ပြည်သူလူထု ကြုံတွေ့နေရ သည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများမှ လွတ်မြောက်ရေး ကူညီ ဆောင်ရွက်နိုင်ရန် တိုက်တွန်း နှိုးဆော်မှုများ အတွက် ထပ်လောင်း ကျေးဇူးတင်ရှိပါကြောင်း NUG အစိုးရက ဆက်လက်ပြောဆို ထားသည်။

ပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ်မှကင်းလွတ်မှု မရှိစေဘဲ ၎င်းတို့၏ ပြစ်မှုများ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရမည်ဆိုသည့် IIMM ၏ ကြိုးပမ်းအားထုတ်ပေးမှုကို ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အပြည့်အဝ ထောက်ခံပါ ကြောင်း၊ အထူးသဖြင့် “အကြမ်းဖက်စစ်အုပ်စု လေတပ်၏ အမိန့်ကွပ်ကဲမှု အဆင့်ဆင့် အထောက် အထား အချက်အလက်များကို စုဆောင်းနေသည်” ဟု IIMM က အတည်ပြု ပေးထားသည်ကို အထူး ကျေးဇူးတင်ရှိပါကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြန်မာနိုင်ငံတွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုသည် ဆိုးရွားပြင်းထန်သည့် အဆင့်ကို ရောက်ရှိနေပြီး၊ တနိုင်ငံလုံးရှိ ပြည်သူအများစုသည် အလွန်အမင်း ဒုက္ခရောက်လျက်ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးပြောဆို

မြန်မာနိုင်ငံတွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုသည် ဆိုးရွားပြင်းထန်သည့် အဆင့်ကို ရောက်ရှိနေပြီး၊ တနိုင်ငံလုံးရှိ ပြည်သူအများစုသည် အလွန်အမင်း ဒုက္ခရောက်လျက်ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးပြောဆို

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ မြန်မာနိုင်ငံတွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုသည် ဆိုးရွားပြင်းထန်သည့် အဆင့်ကို ရောက်ရှိနေပြီး၊ တနိုင်ငံလုံးရှိ ပြည်သူအများစုသည် အလွန်အမင်း ဒုက္ခရောက်လျက်ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောဆိုလိုက်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၀ ကြိမ်မြောက်အစည်းအဝေးအမှတ်စဉ် ၂ – မြန်မာနိုင်ငံ ဆိုင် ရာ...