သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၂
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့် အတူ လက်နက် ၇ လက်သိမ်းဆည်းရရှိခဲ့ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
စက်တင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီခန့်က ကနီမြို့နယ်၊ ချောင်းမကျေးရွာသို့ ဝင်ရောက်လာ သော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၆ မှ ဗိုလ်မှူး သူရိန် ဦးဆောင် သော အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ရာ စစ်သားအလောင်း ၃ လောင်းနှင့်အတူ စစ်သုံ့ပန်း ၄ ဦးဖမ်းမိခဲ့ကြောင်း သိရသည်။
ထို့အပြင် MA-1 အမျိုးအစား သေနတ် ၄ လက်၊ MA-3 အမျိုးအစား သေနတ် ၁ လက်၊ MG-3 အမျိုး အစားသေနတ် ၁ လက်၊ MAS စနိုက်ပါ ၁ လက်၊ ဂျမ်ပါ ၁ လုံးနှင့် အခြားသော စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အထိနာသွားသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာ ဘန့် ဘွေးပျူရွာသို့ ပြန်လည်ဆုတ်ခွာသွားပြီး ထိုသို့ ဆုတ်ခွာသွားစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ် ဖွဲ့များက လိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) နှင့် မဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ချောင်းမကျေးရွာမှ ထွက်ပြေးလာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ရာ စစ်သား ၂ ဦးသေဆုံးပြီး MA1 အမျိုးအစား သေနတ် ၂ လက်၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၁၇၀ နှင့် ကျည်ဘောက် ၈ ဘောက် သိမ်းဆည်းရရှိခဲ့ကြောင် ပြည်ထောင်စုလွတ်မြောက် ရေး တပ်ဦး – ULF က ထုတ်ပြန်သည်။
Thanlwin Myanmar Media