မြန်မာနိုင်ငံတွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုသည် ဆိုးရွားပြင်းထန်သည့် အဆင့်ကို ရောက်ရှိနေပြီး၊ တနိုင်ငံလုံးရှိ ပြည်သူအများစုသည် အလွန်အမင်း ဒုက္ခရောက်လျက်ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးပြောဆို

မြန်မာနိုင်ငံတွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုသည် ဆိုးရွားပြင်းထန်သည့် အဆင့်ကို ရောက်ရှိနေပြီး၊ တနိုင်ငံလုံးရှိ ပြည်သူအများစုသည် အလွန်အမင်း ဒုက္ခရောက်လျက်ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးပြောဆို

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၂

မြန်မာနိုင်ငံတွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုသည် ဆိုးရွားပြင်းထန်သည့် အဆင့်ကို ရောက်ရှိနေပြီး၊ တနိုင်ငံလုံးရှိ ပြည်သူအများစုသည် အလွန်အမင်း ဒုက္ခရောက်လျက်ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောဆိုလိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၀ ကြိမ်မြောက်အစည်းအဝေးအမှတ်စဉ် ၂ – မြန်မာနိုင်ငံ ဆိုင် ရာ လူ့အခွင့်အရေးအခြေအနေများနှင့် စပ်လျဉ်းသည့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နှင့် မြန် မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (Independent Investigative Mechanism for Myanmar – IIMM) ၏ အကြီးအကဲတို့၏ အစီရင်ခံစာများတင်ပြချက် အပေါ် အပြန်အလှန် ဆွေးနွေးရာတွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေး မဟာမင်းကြီးက မြန်မာနိုင်ငံတွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုသည် နောက်ထပ် ဆိုးရွားပြင်းထန်သည့် အဆင့်ကို ရောက်ရှိနေပြီး၊ တနိုင်ငံလုံးရှိ ပြည်သူအများစုဟာ အလွန်အမင်း ဒုက္ခရောက်မှုကို ကြုံတွေ့ခံစားနေရသည်”ကြောင်း၊ အလားတူ IIMM အကြီးအကဲ ကလည်း “မြန်မာနိုင်ငံ အတွင်း ပြင်းထန်သော နိုင်ငံတကာ ရာဇဝတ်မှုများ အဆက်မပြတ် ဖြစ်ပေါ် နေပြီး၊ မြန်မာ ပြည်သူများ၏ နာကျင်ဆင်းရဲမှုသည်လည်း ပိုမို များပြားလာပါတယ်” ဟု သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် IIMM အကြီးအကဲတို့ တိုက်ရိုက်တင်ပြခဲ့သည့် အချက်များ တွင် အကြမ်းဖက် စစ်အုပ်စု၏ အကြမ်းဖက်မှုများတွင် “ကျေးရွာများအား မီးလောင်တိုက်သွင်းခြင်း၊ ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်မှုထမ်းစေခိုင်းခြင်း၊ ဖမ်းဆီးထားသည့် အကျဉ်းသားများ အား စနစ်တကျ နှိပ်စက်မှုများပြုလုပ်ခြင်း နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများပြုလုပ်ခြင်း၊ လူ သားချင်းဆိုင်ရာ အကူညီများကို တားဆီးပိတ်ပင်ခြင်းတို့အပြင် အရပ်သားနေအိမ်များ၊ ဆေးရုံများ၊ ဘာ သာရေးဆိုင်ရာ အဆောက်အအုံများ၊ စစ်ဘေးရှောင်စခန်းများ နှင့် ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း” တို့ပါဝင်ကြောင်း သိရသည်။

ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး မဟာမင်းကြီးနှင့် IIMM အကြီးအကဲ တို့ နှစ်ဦးလုံးသည် လူနည်း စုတိုင်းရင်းသားများ အပါအဝင် ရိုဟင်ဂျာပြည်သူလူထု၏ စိုးရိမ်ဖွယ် လူ့အခွင့်အရေး အခြေအနေကို လည်း ဖော်ပြဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုတွင် မဟာမင်းကြီးက “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူနည်း စု သည် အကြမ်းဖက်စစ်အုပ်စု၏ နှိပ်စက်ညှင်းပန်းမှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ရကြောင်း၊ လက်ရှိ တွင်လည်း နည်းပေါင်းစုံ ညှင်းပန်းမှုများကို ပိုမိုဆိုးရွားစွာ ခံစားနေရကြောင်း ထည့်သွင်းပြောကြားခဲ့ သည်ဟု ဆိုသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Mr. Volker Türk နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား ၏ အကြီးကဲဖြစ်သူ Mr.Nicholas Koumjian တို့၏ ဆွေးနွေးချက်များ နှင့် တုံ့ပြန်ဆွေးနွေးမှုများအပြင် မြန်မာနိုင်ငံ၏ လက်ရှိ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများ နှင့် ပတ် သက်၍ အစီရင်ခံစာများ တင်သွင်းခဲ့မှုကို ကြိုဆိုပါကြောင်း ထောက်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေ

တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေကြောင်း Justic For Myanmar က ထုတ်ပြန် သည်။ မြန်မာနိုင်ငံသို့ ရောင်းချ တပ်ဆင် အကောင်အထည်ဖော်ဆောင်ရာတွင် တရုတ်အစိုးရနှင့် ဆက်နွှယ် သည့်...