အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် မြိတ်-ထားဝယ်လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် မှု စစ်သား ၄ ဦး သေဆုံး၊ စစ်တပ်ပြည်သူများကို ဖမ်းဆီးနေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် မြိတ်-ထားဝယ်လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် မှု စစ်သား ၄ ဦး သေဆုံး၊ စစ်တပ်ပြည်သူများကို ဖမ်းဆီးနေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၂

တနင်္သာရီတိုင်း၊ အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် မြိတ် -ထားဝယ်လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစုက ထုတ်ပြန်သည်။

စက်တင်ဘလ ၇ ရက် နံနက် ၈ နာရီခန့်က အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် မြိတ် -ထားဝယ်လမ်း ပိုင်းတွင် ရွှေဂူတောင် စစ်ဆေးရေးဂိတ်မှတဆင့် သရက်ချောင်းမြို့ဘက်သို့ ဦးတည်ဆင်းလားသည့် အင်အား ၁၀၀ ကျော်ပါ စစ်တပ်ယာဉ်တန်းကို ညောင်ဇင်ရွာနှင့် ရန်တောင်စွယ်ရွာကြား တောက်ထိန် တောင်လမ်းပိုင်း၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၁၂ ဦး လိုက်ပါလာသည့် Vigo အမျိုးအစား နောက်ဆုံးကားကို ထိမှန်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်ပါ စစ်သား ၄ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ယာဉ်တန်းသည် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးအတိုင်း ပြန်လည် ဆုတ်ခွာ လာခြင်းဖြစ်ပြီး အန်စာတုံးကား ၄ စီး မြေတင်ကား ၁ စီးနှင့် Vigo ကာ တစ်စီးပါဝင်ကြောင်း၊ ယင်း ကားတန်းအနက် ရှေ့ဆုံးကားများမှာ ဒေသနေပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးတင် ဆောင်လာခြင်းဖြစ်ကြောင်း ထို့ကြောင့် စစ်သား၊များ လိုက်ပါလာသည့် နောက်ဆုံးကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက်တပ်သားများသည် နီးစပ်ရာရွာထဲသို့ ခြေလျင်၀င်ရောက်ကာ အပြစ်မဲ့ ပြည်သူ များကို ဖမ်းဆီးခြင်း၊ ဆိုင်ကယ်များ၊ ရွှေငွေနှင့်တန်ဖိုးရှိပစ္စည်းများ အဓမ္မ ခိုးယူခြင်း၊ နေအိမ်များကို မီး ရှို့ဖျက်ဆီးခြင်း တို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ထား၀ယ်ခရိုင်တပ်ပေါင်းစုနှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့ ပူးပေါင်း ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျွန်းစုမြို့နယ်၊ မိုင်းတွေးကျေးရွာအနီးတိုက်ပွဲတွင် စစ်သား၊ ပျူ ၂ ဦးသေဆုံး (ရုပ်သံ)

ကျွန်းစုမြို့နယ်၊ မိုင်းတွေးကျေးရွာအနီးတိုက်ပွဲတွင် စစ်သား၊ ပျူ ၂ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မိုင်းတွေးကျေးရွာအနီး တိုက်ပွဲတွင် စစ်သား၊ ပျူ ၂ ဦး သေဆုံးခဲ့ ကြောင်း ကျွန်းစု မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက် မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်က...