သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၁
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၁၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီ ၃၀ မိနစ်တွင် သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအတွင်းသို့ ၄ မိုင်နှင့် ၅ မိုင်နေရာတို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ကြီးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ လူနေရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
“ကမ်းပါနီရွာကို ကျဲသွားတာတော့ ဖိုက်တာနဲ့ပါပဲဗျ။ ဇရပ်ကွင်းကို ပစ်တဲ့ လက်နက်ကြီးကတော့ သပိတ်ကျင်း ၄ မိုင် တို့ ၅ မိုင်တို့ ဘက်ကနေ ပစ်တယ်လို့ ယူဆရပါတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်စမွန်က ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်းတင်းတင်းကျူးလွန်လျက် ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအသိသတိဖြင့်နေထိုင်ကြရန်နှင့် လေကြောင်း ရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာကျင့်သုံးကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။
Thanlwin Myanmar Media