ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးရှိ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက် တိုက်ပွဲများတွင် စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ပန်းများနှင့်အတူလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ တနေ့လုံး၊ တညလုံးတိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ဘက်က အထိနာကာ အများအပြားသေဆုံးပြီး စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများလည်း သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။

“မနေ့တုန်းက တိုက်ပွဲမှာဆိုရင် တနေ့လုံး၊ တညလုံးချကြတာ။ စခတွေဘက်က အထိအခိုက် အကျ အဆုံးအများကြီး ရှိတယ်။ အဲဒီညောင်ပင်ကုန်းတိုက်ပွဲမှာ စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံး တာ တွေများတယ်။ အရှင်ဖမ်းမိတာတွေလည်းရှိတယ်။ စခတွေရဲ့ သေနတ်တွေ သိမ်းရတာလည်းရှိ တယ်။ ဖားကန့်မြို့အနီးက ညောင်ပင်ကုန်းမှာ တိုက်ပွဲတွေနေ့တိုင်းတောက်လျှောက်ဖြစ်နေတာ။ ဒီ ၃ လ ကျော်အတွင်းမှာ စစ်ကောင်စီ ဘက်က ထိတာတွေ၊ သေတာတွေက ရာချီရှိနေပြီ။ တော်တော် အထိနာတယ်။ အထိနာနေပေမယ့် KIA ၊ KPDF သိမ်းထားတဲ့နေရာတွေကို ပြန်သိမ်းဖို့ ကြိုးစား နေ တုန်းပဲ။ ထိုးစစ်ဆင်လာတိုင်းလည်း အထိအခိုက်အကျအဆုံးအများကြီးရှိနေတယ်။” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းများကို ဦးစီးနေသူများမှာ တပ်မကုန်းတပ်မှူး ဗိုလ်မှူးချုပ် ကောင်းမင်း ထွဋ် နှင့် မိုးကောင်းမြို့အခြေစိုက် တပ်မဟာ ၃ တပ်မှူး ဗိုလ်မှူးချုပ်ဇော်လင်းတို့ဖြစ်ပြီး ၃ လကျော် အတွင်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၁၅ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ပြည်သူ ၇၅ ဦးထက်မနည်းသေဆုံးထားပြီး ၂၅၀ ကျော်ဒဏ်ရာရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖားကန့်မြို့ အနောက်ခြမ်းရှိ ကျေးရွာ ၁၃ ရွာမှ ပြည်သူတစ် သောင်း ကျော်မှာ စစ်ဘေး ရှောင်နေကြရပြီး အရေးပေါ်စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“ဖားကန့်အနောက်ခြမ်းက ရွာ ၁၃ ရွာလောက်က ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်။ စစ်ဘေး ရှောင်နေရတဲ့ ပြည်သူတွေမှာ စားဝတ်နေရေး အကူအညီတွေ အများကြီး လိုအပ်နေတယ်။ ဖားကန့် စစ်ဘေးရှောင်တွေကို တတ်နိုင်သလောက် ကူညီပေးပါဖို့ တိုက်တွန်းပါတယ်။ စစ်ကြောင်းတွေက တောက်လျှောက်စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေလည်း ဆက်ဖြစ်ဖို့အလားအလာများတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...