သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၁
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေဦးမြို့တိုင်းရင်းဆေးရုံနှင့် ကြာဖူးအဝိုင်း မြို့အဝင်ဂိတ်၌ တပ်စွဲထား သော အကြမ်းဖက်စစ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကား တစ်စီး ပျက်စီး ခဲ့ကြောင်း Wolf Guerrilla LDF Ye U Air Force အဖွဲ့ထံမှ သိရသည်။
စက်တင်ဘာလ ၉ ရက် ည ၈ နာရီ ၃၀ မိနစ်က ရေဦးမြို့အတွင်းရှိ တိုင်းရင်းဆေးရုံ၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး ၂ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်တိုက်နှင့် ပေ ၃၀ ခန့်အကွာအဝေး၌ ရပ်ထားသော သံပြားကာ စစ်ကားတစ်စီးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ကားပျက်စီးသွားကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၉ ရက် ည ၈ နာရီ မိနစ် ၄၀ အချိန်တွင်လည်း ရေဦးမြို့ ၊ ကြာဖူးအဝိုင်းမြို့ အ၀င်ဂိတ်ကို ဗိုလ်ရုပ်ကဆိုး၏ ညွှန်ကြားမှုဖြင့် လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၁ မမ လက်နက်ကြီး ၃ လုံး ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ဗိုလ်ရုပ်ကဆိုး ဦးဆောင်သော Wolf Guerrilla LDF Ye.U Air Force အဖွဲ့ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media