တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူ

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ပါမိုနဲ့ သုဿန်မြေနှင့် ဩတချောင်း သုဿန်မြေတို့ကို စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူထားကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၃ အတွင်းရှိ ပါမိုနဲ သုဿန် နှင့် ဩတချောင်းသုဿန်မြေနေရာတို့ကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ် စည်ပင်နှင့်ပေါင်းကာ သိမ်းယူလိုက်ခြင်းဖြစ်ပြီး၊ ရပ်ကွက်နေပြည်သူများကို သုဿန်ပြန်လည်ပြုပြင် မွမ်းမံပေးမည်ဟု အကြောင်းပြထားကြောင်း သိရသည်။

ယခုအခါ ယင်းသုဿန်မြေနေရာ၌ ဈေးတစ်ခုတည်ဆောက်ရန် ပြင်ဆင်လျက်ရှိပြီး ရပ်ကွက်နေပြည် သူများက ကန့်ကွက်နေသော်လည်း ရပ်ကွက်နယ်မြေမှူးများကို ရပ်ကွက်ရုံးသို့ ခေါ်ယူတွေ့ဆုံကာ ဘုရားဖြူရပ်ကွက်နေ ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများနှင့် စည်ပင် သာ ယာရေးဌာနတို့ ညှိနှိုင်းသဘောတူပြီးဖြစ်သည်ဟု အကြောင်းပြထားကြောင်း သိရသည်။

“City Square ပိုင်ရှင် သီဟ ဆောက်လုပ်ရေးက နှစ်ပေါက် တစ်ပေါက်ရိုက်သွားတာ။ ပြန်လည် မွမ်း မံ တည်ဆောက်ပေးမယ်ပြောပြီး စစ်တပ်၊ စည်ပင်နဲ့ပေါင်းပြီး မြေကွက်ကို အပိုင်ဝယ်ပစ်တာ၊ ပြည် သူလူထုက ဘာမှ မသိရဘူး။ အဲလိုလုပ်ခံရတဲ့အတွက် အခက်အခဲများစွာရှိတယ်။ ပြောတုန်းက မွမ်း မံပေးမယ်ပြောပြီး တကယ်တမ်းကြ အပိုင်ဝယ်ခံရပြီး လုပ်ချင်သလိုလုပ်နေကြတာ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ပါမိုနဲ့ သုဿန်နှင့် ဩသချောင်းသုဿန်တို့အစား ထီသိမ်သုဿန်ဘေးချင်းကပ်လျက်‌‌ မြေဧ ရိယာ ၂ ဒသမ ၅၂ ဧက ခန့်ရှိနေရာကို အစားထိုးပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ပါမိုးနဲသုဿန်သည် ဘိုးဘွားလက်ထက်ကတည်းက တည်ရှိလာခြင်းဖြစ်ပြီး ဘုရားဖြူရပ်ကွက်ရှိ နယ်မြေ ၃ ယခင် ထီသိမ်ရွေးမြောက်ရွာ၊ နယ်မြေ ၁ ယခင် ရွာသစ်ကုန်းရွာ၊ နယ်မြေ၂ ယခင် ထီသိမ်ရွေး တောင်ရွာ၊ နယ်မြေ ၄ ယခင် ပါမိုးနဲ လွယ်ခမ်းရွာ၊ နယ်မြေ ၅ ယခင် ဘုရားဖြူရွာနှင့် နယ်မြေ ၆ ယခင် သြတချောင်းရွာ တို့နေ ပြည်သူများသေဆုံးပါက မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြသည့် အများပိုင် သုဿာန်ဖြစ်ကြောင်း သိရသည်။

ယင်းသုဿန်မြေနေရာများကို ခေတ်အဆက်ဆက် အုပ်ချုပ်ရေးမှုးနှင့် အာဏာပိုင်များက ရောင်းချ ရန်ကြိုးစားခဲ့သော်လည်း ရဟန်းသံဃာနှင့် ပြည်သူများက သဘောမတူသည့်အတွက် ရောင်းချနိုင် ခြင်းမရှိပဲ လက်ရှိ စစ်တပ်အာဏာ သိမ်းမှုကို အခွင့်ကောင်း ယူပြီးရောင်းချ ဈေးစီမံကိန်းပြုလုပ်ရန် ကြိုးစားနေကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။ ယနေ့ စက်တင်ဘာလ...