စစ်မှုထမ်းစစ်သားများအနေဖြင့် စောစီးစွာအလံဖြူထောင်လက်နက်ချရန် အာရက္ခတပ်တော် အသိပေး

စစ်မှုထမ်းစစ်သားများအနေဖြင့် စောစီးစွာအလံဖြူထောင်လက်နက်ချရန် အာရက္ခတပ်တော် အသိပေး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၁

စစ်မှုထမ်းစစ်သားများအနေဖြင့် စောစီးစွာအလံဖြူထောင် လက်နက်ချရန် အရက္ခတပ်တော် -AA အသိပေးလိုက်သည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စု ဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ် များအနေဖြင့် စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံလျှင် အသက်ချမ်းသာရာ ရမည်ဖြစ် သောကြောင့် မိမိတိုနှင့် ရင်ဆိုင်ထားသော မည်သည့်နေရာတွင်မဆို လက်နက်ချ၊ အညံ့ခံလိုပါက အချိန်မရွေး လာရောက်နိုင်ကြောင်း အသိပေးထားခြင်းဖြစ်သည်။

လက်နက်ချ၊ အညံ့ခံ၊ အလံဖြူထောင်သောသူတိုင်းအား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး မိသားစု ဆီသို့ ပို့ဆောင်ပေး၍ လည်းကောင်း၊ မိမိတိုအဖွဲ့အစည်းထံတွင် တာဝန်ထမ်းဆောင်လိုပါက ထမ်း ဆောင်၍လည်းကောင်း၊ ကာယကံရှင်၏ ဆန္ဒကို လိုက်လျော၍ အကောင်းဆုံး ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ စကခ (၁၇) လက်အောက်ခံတပ် ရင်း များ ဖြစ်ကြသော ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများအပြင် စစ်မှုထမ်းသင်တန်းဆင်း ရဲဘော်သစ်များဖြင့် စုဖွဲ့ကာ စစ်ရှုံး၍ ပေးထားခဲ့ ရသော နေရာများကို ပြန်လည်ရရှိရန် ကြိုးပမ်း အားထုတ်သော ထိုးစစ်များကို ဆက်တိုက်ပြုလုပ် လျက်ရှိကြောင်း သိရသည်။

ထိုကြောင့်  ယခုရက်များအတွင်း အဆိုပါနေရာများ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိ ကြောင်း၊ အထူးသဖြင့် ရန်သူသည် မကွေးတိုင်း၊ နတ်ရေကန်ကုန်းဘက်တွင် ထိုးစစ်များကို ပိုမို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်/ကျေးအဆင့် အထိ အချက်အလက်အားလုံးရရှိထားပြီး အတုအယောင်ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ထုတ်ပြန်

ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်/ကျေးအဆင့် အထိ အချက်အလက်အားလုံးရရှိထားပြီး အတုအယောင်ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ထုတ်ပြန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၆ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ် ရေးမှူးမှ ရပ်/ကျေးအဆင့် အထိ အချက်အလက်အားလုံးရရှိထားပြီး အတုအယောင်ရွေးကောက်ပွဲ အား ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည် ကျွန်းစုမြို့နယ်ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်သည်။ ကျွန်းစုမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ရှိ မြို့နယ်မှ...