သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၉
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင်အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ရက် ၂၀ ကြာ လိုက်လံ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၃၃ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ဘုတလင်မြို့နယ်တပ်ပေါင်းစု စစ်ကြောင်းက ထုတ်ပြန်သည်။
ဩဂုတ်လ ၂၀ ရက် နံနက် ၁၀ နာရီခန့်က မုံရွာမြိုု့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ မှ ထွက်လာ သော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကံသစ်ကျေးရွာအနီးတွင် ပစ်ခတ် တိုက် ခိုက်ခြင်းဖြင့် သော်လည်းကောင်း၊ ဩဂုတ်လ ၂၃ ရက်နေ့ ည ၈ နာရီခန့်တွင် ဘုတလင်မြို့ အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးထဲ၌ အထိုင်ချ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲ၍ သော်လည်း ကောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၂၄ ရက် ညနေ ၂ နာရီ ၄၅ မိနစ်တွင် ဘုတလင်မြို့၊ အထွေထွေအုပ်ချုပ်ရေးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲ၍သော်လည်းကောင်း၊ ဩဂုတ် လ ၂၆ ရက် ည ၇ နာရီအချိန်တွင် ဘုတလင်မြို့နယ်၊ ပဲပြစ်တော(ရ) ရွာသို့ရောက်ရှိလာသောအကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို အပြန်အလှန်ပစ်တိုက်ခိုက်ခြင်းဖြင့် သော်လည်းကောင်း တိုက်ခိုက် ချေ မှုန်းခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၃၁ ရက် ညနေ ၄ နာရီခန့်တွင်လည်း ဘုတလင်မြို့နယ်၊ ကံသာရွာဘုန်းကြီးကျောင်းအနီး ၌ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခန့်တွင်၌ ကုန်းသာရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၃ ရက် ညနေ ၂ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ ရွှေတောင်ကျေးရွာ၌ ဘုန်းကြီး ကျောင်း၌ အကြမ်းဖက်စစ်သားများ တပ်စွဲထားစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ စက်တင် ဘာလ ၈ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဘုတလင်မြို့၊ ဥက္ကာမင်းသစ် ဆီဆိုင်အနီး၌ အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား ၃၃ ဦးသေဆုံးကာ ၂၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး အ ကြမ်းဖက်စစ်သားများ ကိုင်ဆောင်အသုံးပြုသော MA-1 အမျိုးအစား သေနတ် ၁ လက်။ MA -11 အမျိုးအစား သေနတ် ၁ လက် ၊ အီကွေးမန့် ၊ ကျည်ကာ၊ ကျည်ကာဦးထုပ် နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်တပ်စစ်ကြောင်းကို ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းနှင့် မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်း မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
Thanlwin Myanmar Media