ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ပစ္စည်းထုပ်များကို လာရောက်ကောက်ယူသည့် စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ပစ္စည်းထုပ်များကို လာရောက်ကောက်ယူသည့် စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ထောက်ပို့ပစ္စည်းများကို လာရောက်ကောက်ယူသည့် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း အဖြူရောင် ဒီပဲယင်းပကဖ ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၇ ရက် ညနေ ၃ နာရီ ၃၀ မိနစ်က မိတ္ထီလာမြို့၊ ရှမ်းတဲလေတပ်မှ တက် လာသည့် Y-8 ထောက်ပို့လေယာဉ်ဖြင့် ဒီပဲယင်းမြို့ပေါ်ရှိ စစ်သားများထံသို့ ၁၁ ကြိမ်မြောက်အထိ ပျံဝဲကာ ရိက္ခာအထုပ် ၃၇ ထုတ်ချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ချပေးသည့် ရိက္ခာထုပ်များကို ကောက်ယူရန်အတွက် ညနေ ၅ နာရီခန့်တွင် ဒီပဲယင်းမြို့ပေါ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများက ထွက်လာခဲ့သောကြောင့် ပြည်သူ့ကာကွယ် ရေး ပူးပေါင်း တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံး ကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က Y-8 လေယာဉ်ဖြင့် ချပေးသော ခဲယမ်း၊ ရိက္ခာထုပ်များကို လည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒီပဲယင်းတိုက်နယ် ၁ လှုပ်ရှားအဖွဲ့များဖြစ်ကြသော အဖြူရောင် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ၊ ပေါင်ချိန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ A2K ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဂျိမ်းစဘွန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ခဲယမ်းမလုံလောက်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဗန်းမောက်မြို့ကို စစ်တပ်နှင့် SNA ပြည်သူ့စစ်ပူးပေါင်း အဖွဲ့က ၁၂၀ မမ လက်နက်ကြီးဖြင့် တိုက် ခိုက်မှုကြောင့် ရဲစခန်းမီးလောင် (ရုပ်သံ)

ဗန်းမောက်မြို့ကို စစ်တပ်နှင့် SNA ပြည်သူ့စစ်ပူးပေါင်း အဖွဲ့က ၁၂၀ မမ လက်နက်ကြီးဖြင့် တိုက် ခိုက်မှုကြောင့် ရဲစခန်းမီးလောင် (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၇ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို ထိုးစစ်ဆင်လာသော စစ်ကောင်စီနှင့် SNA ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ က ၁၂၀ မမ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ရဲစခန်းမီးလောင်လျက်ရှိကြောင်း ကသာခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်နေ့က ဗန်းမောက်မြို့ကို...