သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၉
PDF တပ်မတော် တိုင်းစစ်ဌာန ၁၀ ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီး တိုင်းရင်းသားနယ်မြေများရှိ စစ်ဆင်ရေး အသီးသီးတွင် လက်တွဲတိုက်ပွဲဝင်လျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက နွေဦးတော် လှန်ရေး ၄ နှစ်ပြည့် အစီရင်ခံစာတွင် ထုတ်ပြန်ပြောဆိုထားသည်။
ယအခုအခါ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စစ်ကိုင်းတိုင်းစစ်ဌာန၊ မကွေးတိုင်းစစ်ဌာန၊ မန္တလေးတိုင်းစစ်ဌာန၊ ပဲခူးတိုင်းစစ်ဌာန၊ နေပြည်တော်တိုင်းစစ်ဌာန၊ ရှမ်းတောင်-ကယား(ကရင်နီ) တိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာန၊ ဧရာဝတီတိုင်းစစ်ဌာန၊ တနင်္သာရီတိုင်းစစ်ဌာန၊ အထူးတိုင်း စစ်ဌာန တို့ ဖွဲ့စည်းတည်ထောင်ထားပြီဖြစ်ကြောင်း သိရသည်။
တူမီးလက်လုပ်သေနတ်ဖြင့် စတင်တိုက်ပွဲဝင်ခဲ့သော တော်လှန်ရေးရဲဘော်များကို စုစည်းလျက် ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထူထောင်ခဲ့ရာ ယခု အချိန် အထိ PDF တပ်ရင်းတပ်ဖွဲ့ စုစုပေါင်း (၃၅၆) ဖွဲ့ကို ထူထောင်ထားပြီးဖြစ်ကြောင်း သိရသည်။
အမိန့်ပေးကွပ်ကဲမှုစနစ် တည်ဆောက်ရာတွင် စစ်ရုံးချုပ်၊ တိုင်းစစ်ဌာန ၊ ခရိုင်စစ်ဌာန/နည်းဗျူဟာ ၊ တပ်ရင်းတပ်ဖွဲ့ ဟူ၍ အဓိက ကွပ်ကဲမှုအဆင့် ၄ ဆင့် ရှိကြောင်း သိရသည်။
မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ နှင့် စစ်ရေးပူးပေါင်း ဆောင်ရွက်သောနယ်မြေများကို စစ်ဒေသအဖြစ်ဖွဲ့စည်းလျက် မဟာမိတ်တပ်မှူးများက စစ်ဆင်ရေးကွပ်ကဲမှုတွင် တာဝန်ယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ယန္တရားကို မြို့နယ် (၂၃၅) ခုတွင် တည်ဆောက်ထားနိုင်ခဲ့ပြီး မြို့ နယ် (၁၈၃) ခုတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ရန် အထောက်အကူပြုနိုင်ခဲ့ ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ နှင့် စစ်ရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ဟန်ချက်ညီ ဖော်ဆောင်လျက်ရှိပြီး စစ်အာဏာသိမ်းမှုကို ဖယ်ရှား၍ မြန်မာစစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်းအား အဆုံးသတ်ရန် ဦးတည်၍ တနိုင်ငံလုံး ပြည်သူ့ခုခံတွန်းလှန်စစ်နှင့်အတူ တိုင်းရင်းသားနယ်မြေများရှိ စစ်ဆင်ရေး အသီးသီးတွင်လည်း ညီညွတ်တက်ကြွစွာဖြင့် လက်တွဲတိုက်ပွဲဝင်လျက်ရှိကြောင်း အသိပေးထား သည်။
Thanlwin Myanmar Media