မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်သည် စိတ်ဓါတ်၊ ကျင့်ဝတ်၊ စည်းကမ်း၊ စွမ်းရည် ချွတ်ခြုံကျ လျက် ဟန်သာရှိပြီး အဆံမရှိသည့် စစ်တပ်ဖြစ်နေသည်ကို ပြည်သူများ မျက်ဝါးထင်ထင် မြင်တွေ့ ခွင့်ရလိုက်ရပြီးဖြစ်သည်ဟု NUG ပြောဆို

မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်သည် စိတ်ဓါတ်၊ ကျင့်ဝတ်၊ စည်းကမ်း၊ စွမ်းရည် ချွတ်ခြုံကျ လျက် ဟန်သာရှိပြီး အဆံမရှိသည့် စစ်တပ်ဖြစ်နေသည်ကို ပြည်သူများ မျက်ဝါးထင်ထင် မြင်တွေ့ ခွင့်ရလိုက်ရပြီးဖြစ်သည်ဟု NUG ပြောဆို

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၈

မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်သည် စိတ်ဓါတ်၊ ကျင့်ဝတ်၊ စည်းကမ်း၊ စွမ်းရည် ချွတ်ခြုံကျ လျက် ဟန်သာရှိပြီး အဆံမရှိသည့် စစ်တပ်ဖြစ်နေသည်ကို ပြည်သူများ မျက်ဝါးထင်ထင် မြင်တွေ့ ခွင့်ရလိုက်ရပြီးဖြစ်ကြောင်း NUG အစိုးရက ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့် အစီ ရင်ခံစာ ထုတ်ပြန်ရာတွင် ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

တိုင်းပြည်ဘဏ္ဍာကို လက်ဝါးကြီးအုပ်၍ နှစ်ပေါင်းများစွာ အချိန်ယူ တည်ဆောက်ထားသည့် စစ်တပ် တခုအနေဖြင့် ပြည်ပကျူးကျော်စစ်ကို မဆိုထားဘိ၊ တူမီးနှင့် စခဲ့သည့် ပြည်သူ့ခုခံတွန်းလှန်စစ်တခု ကြုံတွေ့ရသည်နှင့် အလဲလဲအကွဲကွဲဖြစ်နေပြီး၊ စိတ်ဓါတ်၊ ကျင့်ဝတ်၊ စည်းကမ်း၊ စွမ်းရည် ချွတ်ခြုံကျ လျက် ဟန်သာရှိပြီး အဆံမရှိသည့် စစ်တပ်ဖြစ်နေသည်ကို ပြည်သူများ မျက်ဝါးထင်ထင် မြင်တွေ့ ခွင့်ရလိုက်ပြီဖြစ်ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားသည်။

ထို့အပြင် စစ်တပ်ကြီးစိုးရေးအတွေးအခေါ် တနည်း စစ်ဝါဒ ကျဆုံးခြင်းသွားပြီဖြစ်ပြီး နိုင်ငံရေးတွင် စစ်တပ်က ဦးဆောင်ပါဝင်ရမည် ဟူသော အချက်ကို တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများက တညီတညွတ်တည်း ပယ်ချခဲ့ပြီးဖြစ်ကြောင်း ထောက်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ရွေးကောက်ပွဲဖြစ်စေ၊ NCA ဖြစ်စေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စေ မည် သည့် အရာကိုမှ လက်ခံလိမ့်မည်မဟုတ်ဘဲ စနစ်ပြောင်းရေး ဦးတည်သော ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် တွန်းလှန်တိုက်ပွဲဝင်နေကြခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ထို့အကြာင့် အကြမ်းဖက်စစ်အုပ်စု၏ နောက်ထပ်ကြီးမားသည့် ဆုံးရှုံးမှုမှာ ပြည်သူလူထု၏ ထောက်ခံ ယုံကြည်မှုကို လက်လွှတ်လိုက်ရခြင်း ဖြစ်ကြောင်း ဆက်လက် အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာ အုပ်ချုပ်ရေးမှူးထွန်းသိမ်း ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာ အုပ်ချုပ်ရေးမှူးထွန်းသိမ်း ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၈ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကန်သာယာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းသိန်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံ မှ သိရသည်။ စက်တင်ဘာလ ၆ ရက် ည ၇ နာရီ ၃၀ မိနစ်က အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာနေ...