နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း တရုတ်နယ်စပ်မှ အိန္ဒိယနယ်စပ်အထိ ဥဒဟိုသွားလာ နိုင်သော မဟာဗျူဟာလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်

နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း တရုတ်နယ်စပ်မှ အိန္ဒိယနယ်စပ်အထိ ဥဒဟိုသွားလာ နိုင်သော မဟာဗျူဟာလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၈

နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း တရုတ်နယ်စပ်မှ အိန္ဒိယနယ်စပ်အထိ ဥဒဟိုသွားလာ နိုင်သော မဟာဗျူဟာလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ၄ နှစ်ပြည့်အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၂၄-၂၀၂၅ ခုနှစ် အတွင်း အရေးကြီးသော စစ်ရေးဖြစ်ပေါ်တိုးတက်မှုအဖြစ် မြန်မာနိုင်ငံ မြောက် ပိုင်းတွင် အရှေ့ဘက် တရုတ်နယ်စပ်မှ အနောက်ဘက် အိန္ဒိယနယ်စပ်ထိ ဥဒဟိုသွားလာနိုင်သော မဟာဗျူဟာလမ်းပိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များက စိုးမိုးထိန်းချုပ် ထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးမြို့ အမြောက်အမြားကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ထိန်းချုပ် ထားဆဲဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ နှင့် ဆက်သွယ်သော အဓိက နယ် စပ် ကုန်သွယ်ရေးမြို့ အနည်းဆုံး (၁၁) မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားကြောင်း သိရသည်။

အဆိုပါ မြို့များမှာ ကန်ပိုက်တီ၊ လိုင်ဇာ၊ လွယ်ဂျယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း(ကြူကုတ်)၊ လောက်ကိုင်၊ ချင်းရွှေဟော် ၊ မယ်စဲ့၊ မောတောင်၊ မောင်တော နှင့် ရိဒ်ခေါဒါရ်မြို့တို့ ဖြစ်ပြီး အိန္ဒိယနယ်စပ် တမူး မြို့ကို လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝိုင်းပတ်ထိန်းချုပ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကျွန်သက်ဆိုးရှည်စေမည့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို ဝိုင်းဝန်းဆန့်ကျင်ကြ ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP-AD/ RMA ထုတ် ပြန်

စစ်ကျွန်သက်ဆိုးရှည်စေမည့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို ဝိုင်းဝန်းဆန့်ကျင်ကြ ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP-AD/ RMA ထုတ် ပြန်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ စစ်ကျွန်သက်ဆိုးရှည်စေမည့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို ဝိုင်းဝန်းဆန့်ကျင်ကြ ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP-AD/ RMA က ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းထားသည့် စစ်တပ်သည် ၂၀၂၅ ခု ဇူလိုင်လ...