တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းဂိတ်မှ ထွက်လာသော စစ်သားများကို မိုင်းဆွဲ ၊ ပစ်ခတ် တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၄ ဦး သေဆုံး ၊ စစ်တပ်က သီရိရတနာကျေးရွာကို မီးရှို့ ဖျက်ဆီး

တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းဂိတ်မှ ထွက်လာသော စစ်သားများကို မိုင်းဆွဲ ၊ ပစ်ခတ် တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၄ ဦး သေဆုံး ၊ စစ်တပ်က သီရိရတနာကျေးရွာကို မီးရှို့ ဖျက်ဆီး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၈

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းဂိတ်မှ ထွက်လာသော အကြမ်းဖက်စစ် ကောင်စီတပ်သားများကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး တစ်ဦးအပါအဝင် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – ပုဏ္ဏဝတီတပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၃၁ ရက် မွန်းလွဲ ၂ နာရီခန့်က တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းဂိတ်မှ အကြမ်း ဖက် စစ်ကောင်စီတပ်သား ၂၅ ဦးခန့်သည် ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုန်းမြောင်ဂိတ်သို့ တပ်ဖွဲ့ဝင် အချိန်း အပြောင်း ပြုလုပ်ရန်ထွက်လာစဥ် ပဲခူးရိုးမ ပတ်လမ်းတစ်နေရာအရော တော်လှန်ရေးတပ်ဖွဲ့များမှ ရှေ့ထွက်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း လုပ် ဆောင်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၄ ဦး သေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သေသွားတဲ့ဗိုလ်ကြီးက ကပစတပ်တွေထဲကနေ ပစ္စည်းထုတ်လုပ်တဲ့ တပ်ကလို့ပဲ သိရတယ်၊ ဒီဘက်မှာ ပခနတို့ ၉၆၇ တို့ ကပစတို့ရှိတယ်။ အပြန်အလှန်ပစ်ခတ်တိုက်ပွဲက ၁၀ မိနစ်လောက်ပဲ ကြာခဲ့ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် – ပုဏ္ဏဝတီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ PDF PNWD (တောင်တွင်းကြီး) ၊ သ ရက်ခရိုင်အမှတ် ၅ တပ်ရင်း (ဆင်ပေါင်ဝဲမြို့နယ်) ၊ နေပြည်တော် ၉၀၂ တပ်ရင်း ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ် ၊ တောင်တွင်းကြီး ပကဖ (အဂ္ဂကြီးအဖွဲ့) ၊ ဗိဿနိုး ပြည်သူ့ကာကွယ် ရေး အဖွဲ့ (တောင်တွင်းကြီး) နှင့် မကွေးပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာလ ၅ ရက် နံနက် ၈ နာရီခန့်က တောင်တွင်းကြီးမြို့နယ်၊ ဝါးသုန်းပြူးအုပ်စု၊ သီရိရတနာ ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင် ရောက်ပြီး နေအိမ်များကို မီးရှို့ကာ အနီး အနားပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ လုပ်ဆောင်မှုများကြောင့် ကျေးရွာနေပြည်သူများမှာ ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပွင့်ဖြူမြို့နယ် မဒဲကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး ၊ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခြင်း၊ မိုင်းကွင်းဖြတ်ခိုင်းခြင်းကြောင့် ပြည်သူ အမျိုးသား ၉ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရ

ပွင့်ဖြူမြို့နယ် မဒဲကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး ၊ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခြင်း၊ မိုင်းကွင်းဖြတ်ခိုင်းခြင်းကြောင့် ပြည်သူ အမျိုးသား ၉ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၈ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ ထံမှ သိရသည်။ စက်တင်ဘာလ ၆ ရက်နေ့က ပွင့်ဖြူမြို့နယ်၊ ဝါစိုက်ပျိုး ရေးတပ်နှင့်...